Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကားများ အရာတော်မြို့နယ်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ

ယနေ့ (အောက်တိုဘာ ၆ ရက်) နေ့လယ်ခင်း၌ အရာတော် – မုံရွာလမ်းပေါ်တွင် စစ်ကားများ ခြေရှုပ်သွားလာလျက်ရှိသဖြင့် ဒေသခံပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့က နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က ဗိုလ်‌ပေါက်စီမှ အ တည်ပြုပေးထားသည်ဟု အရာတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကားများ နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

ယနေ့ (အောက်တိုဘာ ၆ ရက်) နေ့လယ်ခင်း၌ အရာတော် – မုံရွာလမ်းပေါ်တွင် စစ်ကားများ ခြေရှုပ်သွားလာလျက်ရှိသဖြင့် ဒေသခံပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့က နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က ဗိုလ်‌ပေါက်စီမှ အ တည်ပြုပေးထားသည်ဟု အရာတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နေ့လည် ၂ နာရီခန့်တွင် မုံရွာမြို့မှလာသော စစ်ကား ၁၃ စီးပါ ယာဥ်တန်းကို ARA က ဝါးတန်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၂ စီးထိခိုက်ကာ ကားချင်းဆင့်တိုက်၍ ရပ်တန့်သွားခဲ့ကြောင်း၊ ကျန်သောကားများ အရှေ့ဘက်သို့ အပြင်း‌မောင်းနှင်ကာ ဆက်လက်ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မွန်းလွဲ ၂နာရီခွဲခန့်တွင်လည်း အရာတော် – မုံရွာ နယ်ခြားဆိုင်းဘုတ်အနီးတွင် အနောက်သို့ဦးတည်လျက်ရှိသော စစ်ကားသုံးစီးကို PGC ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်ခဲ့ပြီး ဒဏ်ရာရသူများတင်ဆောင်ကာ အမြန်မောင်းပြေးသွားခဲ့သည်ဟု အရာတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အရာတော်ဒေသတွင်း၌ ပြောက်ကျားတိုက်ပွဲများ စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများ၊ သွားလာနေသော စစ်ယာဥ်တန်းများကို မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ စစ်ဆေးရေးဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီဖြစ် ကြောင်းကိုလည်း ကြားသိရမည်ဖြစ်ကြောင်း၊ သို့ပါ၍ အရာတော်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဒေသတွင်းမည်သည့်လမ်းပေါ်မဆို သွားလာသည့်ကားတိုင်း မှန်ချမောင်းနှင်ရန်၊ အကြမ်းဖက်စစ်တပ်၏ ယာဥ်တန်းများနှင့် နီးကပ်စွာသွားလာခြင်းမပြုရန်၊ စစ်တပ်တပ်စွဲထားသော နေရာများအနီးတွင် နေထိုင်သွားလာခြင်းမပြုရန်၊ လူသူပြတ်လပ်သော လမ်းဘေးဝဲယာ ယာစောင့်တဲ၊ လူနေတဲများတွင် နေထိုင်ခြင်းမပြုရန် စသည့်အချက်များအား ပူးပေါင်းလိုက်နာဆောင်ရွက်ရန် အရာတော်မြို့နယ်တော်လှန်ရေး အင်အားစု (ARA)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook