Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်တွေ့ဆုံဆွေနွေးရေး လက်ခံနိုင်ရန် အခြေအနေမရှိဟု KNPP စစ်ဦးစီးချုပ်ပြော

“ကရင်နီတပ်မတော်ကနေ ဆုံးဖြတ်ချက်ဖြစ်ပါတယ်ခင်ဗျ”ဟု စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး လက်ခံနိုင်ရန် အခြေအနေမရှိကြောင်း ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)လက်အောက်ခံ ကရင်နီတပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောကြားလိုက်သည်။

ယနေ့ (အောက်တိုဘာ ၉ရက်)တွင် ပြုလုပ်သည့် ကရင်နီတပ်မတော် အခြေခံအပတ်စဉ် (၇၁) စစ်သင်တန်းဆင်းပွဲသို့ ဗိုလ်ချုပ်ဘီထူး တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်ဟု KNPP သတင်းနှင့် ပြန်ကြားရေးဌာန KNICက ဖော်ပြ သည်။ စစ်ဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံကို ဆက် လက်တင်ပြမည်ဟုလည်း KNICက ဖော်ပြထားသည်။

“ကရင်နီတပ်မတော်ကနေ ဆုံးဖြတ်ချက်ဖြစ်ပါတယ်ခင်ဗျ”ဟု စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ဗိုလ်ချုပ်ဘီထူးသည် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကို လည်း စစ်ရေးအရ ဦးဆောင်မှုပေးနေကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

KNPPသည် စစ်တပ်အာဏာသိမ်းပြီး မေလ ၂၀ရက်မှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဘောလခဲ အပါ အဝင် ကရင်နီဒေသများသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားရာတွင် KNPPတပ် KA၊KNDFနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအတူ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။