Connect with us

Hi, what are you looking for?

News

သာကေတမြို့နယ်ရှိစစ်ကောင်စီရေတပ်စခန်းရှေ့ဗုံးနှစ်လုံးပေါက် စစ်သား၃ ဦးဒဏ်ရာရ

“ဆေးရုံကားတွေတော့ ရေတပ်ထဲက ထွက်လာတာ တွေ့တယ်။ သေ၊ မသေ တော့ မသိသေးဘူး”ဟု ပေါက်ကွဲမှုဖြစ်စဥ် အနီးတဝိုက်နေထိုင်သူ တစ်ဦးကပြောသည်။

သာကေတမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရှု့ခင်းသာလမ်းမရှိ အကြမ်းဖက်စစ်ကောင်စီ၏ရေတပ်စခန်းရှေ့၌ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းး ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (BFRAF)က သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်အရမနက် ၇နာရီ ၄၅မိနစ်ခန့် တွင် ဗုံးတွေ့ရှိခြင်းကြောင့် စစ်အုပ်စုဝင်တစ်ဦးက ဝါးလုံးနဲ့ထိုးပြီး ရှင်းလင်းနေစဉ် တစ်လုံးပေါက်ကွဲခဲ့ပြီး၊ မနက် ၈နာရီ ၅၅မိနစ်ခန့်တွင် ဗုံးရှာဖွေရေးအဖွဲ့က နောက်ဗုံးတစ်လုံးတွေ့ရှိရသောကြောင့် ရှင်း လင်းရန် လုပ်စဉ် ထပ်မံပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

“ဆေးရုံကားတွေတော့ ရေတပ်ထဲက ထွက်လာတာ တွေ့တယ်။ သေ၊ မသေ တော့ မသိသေးဘူး”ဟု ပေါက်ကွဲမှုဖြစ်စဥ် အနီးတဝိုက်နေထိုင်သူ တစ်ဦးကပြောသည်။

ထိုဖောက်ခွဲမှု စစ်ဆင်ရေးကို ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ဗုံးနှစ်လုံးစလုံးအား စောင့်ကြည့်ပြီး သေချာဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအရှိန်မြှင့်မည် ဖြစ်၍ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များအနီးသွားလာခြင်းမပြုလုပ်ရန် ၎င်းတို့အဖွဲ့က သတိပေးထားသည်။

ယနေ့ နံနက်ပိုင်းက မြောက်ဒဂုံ၊အရှေ့ဒဂုံ နှင့် ဒေါပုံမြို့နယ် တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ထိခိုက်မှု ဖြစ်စဥ်များကိုမူ အသေးစိတ် မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။