Connect with us

Hi, what are you looking for?

LuduNwayOo

News

သာကေတမြို့နယ်ရှိစစ်ကောင်စီရေတပ်စခန်းရှေ့ဗုံးနှစ်လုံးပေါက် စစ်သား၃ ဦးဒဏ်ရာရ

“ဆေးရုံကားတွေတော့ ရေတပ်ထဲက ထွက်လာတာ တွေ့တယ်။ သေ၊ မသေ တော့ မသိသေးဘူး”ဟု ပေါက်ကွဲမှုဖြစ်စဥ် အနီးတဝိုက်နေထိုင်သူ တစ်ဦးကပြောသည်။

သာကေတမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရှု့ခင်းသာလမ်းမရှိ အကြမ်းဖက်စစ်ကောင်စီ၏ရေတပ်စခန်းရှေ့၌ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းး ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (BFRAF)က သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်အရမနက် ၇နာရီ ၄၅မိနစ်ခန့် တွင် ဗုံးတွေ့ရှိခြင်းကြောင့် စစ်အုပ်စုဝင်တစ်ဦးက ဝါးလုံးနဲ့ထိုးပြီး ရှင်းလင်းနေစဉ် တစ်လုံးပေါက်ကွဲခဲ့ပြီး၊ မနက် ၈နာရီ ၅၅မိနစ်ခန့်တွင် ဗုံးရှာဖွေရေးအဖွဲ့က နောက်ဗုံးတစ်လုံးတွေ့ရှိရသောကြောင့် ရှင်း လင်းရန် လုပ်စဉ် ထပ်မံပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

“ဆေးရုံကားတွေတော့ ရေတပ်ထဲက ထွက်လာတာ တွေ့တယ်။ သေ၊ မသေ တော့ မသိသေးဘူး”ဟု ပေါက်ကွဲမှုဖြစ်စဥ် အနီးတဝိုက်နေထိုင်သူ တစ်ဦးကပြောသည်။

ထိုဖောက်ခွဲမှု စစ်ဆင်ရေးကို ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ဗုံးနှစ်လုံးစလုံးအား စောင့်ကြည့်ပြီး သေချာဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအရှိန်မြှင့်မည် ဖြစ်၍ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များအနီးသွားလာခြင်းမပြုလုပ်ရန် ၎င်းတို့အဖွဲ့က သတိပေးထားသည်။

ယနေ့ နံနက်ပိုင်းက မြောက်ဒဂုံ၊အရှေ့ဒဂုံ နှင့် ဒေါပုံမြို့နယ် တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ထိခိုက်မှု ဖြစ်စဥ်များကိုမူ အသေးစိတ် မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။