Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွင်းလျှို့ဝှက်စာ

တပ်နယ်အတွင်း ကျောက်မိုင်းခွဲသည့် တရားဝင်ကုမ္ပဏီမှ တစ်ဆင့် ယမ်းများ ပြင်ပသို့မရောက်ရှိစေရန် ကန့်သတ်ထားရမည်ဟုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏တပ်အတွင်းမှ ယမ်းများအသုံးပြု၍ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ် နေသဖြင့် ယမ်းတိုက်များကို သေချာထိန်းသိမ်းရန် တပ်နယ်မှူးများကို ညွှန်ကြားသည့် လျှို့ဝှက်စာတစ်စောင် ထွက်ပေါ်လာသည်။

တပ်နယ်အတွင်း ကျောက်မိုင်းခွဲသည့် တရားဝင်ကုမ္ပဏီမှ တစ်ဆင့် ယမ်းများ ပြင်ပသို့မရောက်ရှိစေရန် ကန့်သတ်ထားရမည်ဟုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆိုသည်။

မိုင်းခွဲခံရသည့် ဖြစ်စဥ်များစွာတွင် စစ်တပ်၏ ယမ်းများတွေ့ရှိရခြင်းကြောင့် တာဝန်ခံတပ်ဖြင့် ယမ်းတိုက်များကို စနစ်တကျထိန်းသိမ်းရမည်ဟု ညွှန်ကြားချက်တွင်ပါရှိသည်။

ထို့အပြင် ယာယီချုပ်နှောင်တရားခံများ၊အမှုဖွင့်လှစ်ဆဲတရားခံများ နှင့်အကျဥ်းထောင်သို့ မပို့ရသေးသော တရားခံများသည် လုံခြုံရေးစစ်သည် အဖွဲ့များအား အခကြေးငွေပေးကာ ဖုန်းများငှားရမ်းသုံးစွဲ ခြင်း အခြားဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြုမှုကြောင့် လုံခြုံရေးစည်းကျိုးပေါက်နေသည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

အရာရှိ၊စစ်သည်အချို့မှာလည်း ကိုယ့်သဘောကိုယ်ဆောင်၍ ငွေကြေးရယူကာ စစ်ဆေးဖမ်းဆီးခြင်းနှင့် ပြန်လွှတ်ပေးခြင်းများရှိနေကြောင်း ညွှန်ကြားစာက ဆိုသည်။

အလားတူ လုံခြုံရေးနေရာများမှ ကေတီဗီနှင့် အနှိပ်ခန်းသွားသဖြင့် အရေးယူရသည့်ဖြစ်စဥ်များ ဖြစ်ပေါ်နေမှုကြောင့် စည်းကမ်းထိန်းသိမ်း တင်းကြပ်ရန် လည်း ထိုစာအတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။