Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ

ဗုံးကွဲသည့်နေရာ၌အကြမ်းဖက်စစ်သားများက နေရာယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်အကြာ၌ ဆုတ်ခွာသွားကာ ဖြစ်စဥ်အတွင်း ARA၏ မြောက်ပိုင်းညီနောင်အဖွဲ့အားလုံး ထိခိုက်မှုမရှိကြောင်း ဗိုလ်ပေါက်စီက အတည်ပြုသည်။

အရာတော်မြို့နယ်မြောက်လက် ပါရမီရွာနှင့် ကြာပင်လှရွာကြားတွင် အကြမ်းဖက်စစ်တပ်ကို ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်က အရာတော်ဘက်မှလာ၍ ပါရမီနှင့် ကြာပင်လှကြားတွင် ဖြတ်သန်းသွားသော ရဲအရာရှိပါ ပေါင်မုန့်ကားတစ်စီးနှင့် ဆိုင်ကယ်များကို ပထမအကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိုယာဉ်တန်းမှာ အရာတော်ဘက်သို့ ပြန်လှည့်ပြေးသွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် နံနက် ၇ နာရီခန့်တွင် ဒိုင်နာကား၊ သုံးဘီးတို့ဖြင့် ဖြတ်သန်းလာသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒိုင်နာကားပေါ်ရှိ စစ်သားအချို့ ဒဏ်ရာရရှိသွားကြောင်း ARA က ပြောသည်။

ဗုံးကွဲသည့်နေရာ၌အကြမ်းဖက်စစ်သားများက နေရာယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်အကြာ၌ ဆုတ်ခွာသွားကာ ဖြစ်စဥ်အတွင်း ARA၏ မြောက်ပိုင်းညီနောင်အဖွဲ့အားလုံး ထိခိုက်မှုမရှိကြောင်း ဗိုလ်ပေါက်စီက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့က မအလစစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့သေးဘဲ မိုင်းဆွဲတိုက် ခိုက်တာ၊ ခြုံခိုတိုက်ခိုက်တာကိုပဲ အရှိန်မြှင့်လုပ်ဆောင်နေတယ်။မနေ့ကလည်း ဝါးတန်းချောင်းတက်မှာ တစ်ကြိမ် စစ်ကားနှစ်စီးကို မိုင်းဆွဲပါတယ်”ဟု ၎င်းက ပြောသည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ နှင့် လက်နက်အင်အားချင်း ယှဉ်ရန် မဖြစ်နိုင်သေး၍ပြောက် ကျားစစ်ကိုသာ အရှိန်မြှင့်အကောင်အထည်ဖော်နေ ကြောင်း ဗိုလ်ပေါက်စီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook