Connect with us

Hi, what are you looking for?

News

ကလေးမြို့မှ စစ်တပ်မိသားစုများကိုလေယာဥ်ဖြင့် ရွှေ့ပြောင်းခြင်းမှာ စစ်သားများထွက်မပြေးရန်နှင့် စစ်ပွဲကြီးဖြစ်လာလျှင်သူ့လူမနာရန်ဖြစ်ဟု ဒေသခံများသုံးသပ်

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း၊မကွေးတိုင်း နှင့်ချင်းပြည်နယ်တို့တွင် စစ်အင်းအားဖြည့်တင်းနေပြီး မကြာခင်စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ကလေးတပ်နယ်မှ တပ်မိသားစုများကို စစ်တပ်လေယာဥ်ဖြင့် အရေးပေါ်ပြောင်းရွှေ့ခဲ့ကြောင်း ကလေးဒေသခံများကပြောသည်။

ထိုသို့ပြောင်းရွှေ့ခြင်းမှာ စစ်သားများ ထွက်မပြေးစေရန် တပ်မိသားစုများကို ခေါ်ထားခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“သဘောကစစ်မြေပြင်လိုပြာကျတဲ့ထိတိုက်လို့ပစ်လို့ရအောင်ကိုယ်လူကိုယ်အရင်ဖယ်ထုတ်သွားတာပါ။ အဆုံးစွန်ယုတ်မာဖို့ပါ”ဟု ဒေသခံတစ်ဦးပြောသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း၊မကွေးတိုင်း နှင့်ချင်းပြည်နယ်တို့တွင် စစ်အင်းအားဖြည့်တင်းနေပြီး မကြာခင်စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“တပ်တွေ ထွက်ပြေးမရအောင် မိသားစုတွေကို ဓားစာခံလုပ်ထားတာ”ဟု ကလေးမြို့ခံတစ်ဦးကသုံးသပ်သည်။

ထိုသို့ခေါ်ဆောင်ရာတွင် အကြမ်းဖက်စစ်တပ်ပိုင်လေယာဉ်ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့ည ၇ နာရီတွင်တစ်ကြိမ် နှင့် အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းတွင် တစ်ကြိမ်စုစုပေါင်း နှစ်ကြိမ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ကိုအခြေစိုက်ပြီး အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်ကို စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်တွင် ကလေးမြို့မှ ချင်းပြည်နယ်ကို စစ်ကား ၂၁ စီးနှင့် လက်နက်ကြီးတပ်ဆင်ထားသည့် ကားတစ်စီး ထွက်ခွာသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။