Connect with us

Hi, what are you looking for?

News

သက်ဆိုင်ရာပါတီတွေနဲ့တွေ့ဆုံခွင့်ပေးရမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ထုတ်ပြန်

အထူးကိုယ်စားလှယ်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ ဘုံဆုံးဖြတ်ချက် ၅ချက်အရ မြန်မာနိုင်ငံရဲ့ စိတ်ချယုံကြည်မှုတွေသာမက အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိတ်ချယုံကြည်မှု တည်ဆောက်ရေးအတွက် ကူညီပေးနိုင်ဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ချက်အရ အထူးကိုယ်စား လှယ်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းနိုင်ဖို့ သက်ဆိုင်ရာပါတီအားလုံးနဲ့တွေ့ဆုံခွင့်ပေးရမယ်လို့ အထူးကိုယ်စားလှယ်က ဒီနေ့သတင်းထုတ် ပြန်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတဲ့ အာဆီယံဥက္ကဌရဲ့ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုပြောကြားလိုက်ပြီး ဧပြီ ၂၄ ရက်တုန်းက အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ် ချက် ၅ချက်ကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံနဲ့အလုပ်လုပ်ဖို့ အပြည့်အ၀ကတိပြုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါတီအားလုံးနဲ့တွေ့ဆုံဆွေးနွေးရေးအတွက် ထိလွယ်ရှလွယ်ဖြစ်နေပေမယ့် အထူးကိုယ်စားလှယ်အနေနဲ့ သူ့တာဝန်တွေကိုထမ်းဆောင်ရာမှာ အာဆီယံပဋိဉာဉ်ပါ မူဝါဒတွေအတိုင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဘက်လိုက်တာ ဒါမှမဟုတ် နိုင်ငံရေးတာဝန်တွေယူ တာ မလုပ်ဘဲ ကြားနေမူဝါဒနဲ့ ဆက်လက်လုပ်ဆောင်မယ်လို့ ထပ်လောင်းပြောကြားပါတယ်။

ဒါ့အပြင် အထူးကိုယ်စားလှယ်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ ဘုံဆုံးဖြတ်ချက် ၅ချက်အရ မြန်မာနိုင်ငံရဲ့ စိတ်ချယုံကြည်မှုတွေသာမက အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိတ်ချယုံကြည်မှု တည်ဆောက်ရေးအတွက် ကူညီပေးနိုင်ဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခရီးစဉ်မတိုင်မီမှာ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပါတီအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစောပိုင်းသတင်းတွေမှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ ခုနဲ့ နေပြည်တော်၊ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့တွေ့ဆုံဖို့ရှိတယ်လို့ဆိုပေမယ့် နောက်ပိုင်းမှာ တွေ့ဆုံပွဲပျက်သွားခဲ့ပါတယ်။

အခုအချိန်အထိ အာဆီယံအထူးကိုယ်စားလှယ်ဟာ နေပြည် တော်ကို ဘယ်နေ့လာရောက်မယ်၊ ဘယ်သူတွေနဲ့တွေ့ဆုံမယ်ဆိုတာ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံသည်ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေပြီးမြန်မာနိုင်ငံ အပေါ်ခွဲခြားဆက်ဆံနေတယ်လို့အာဏာသိမ်းခေါင်းဆောင်ရဲ့လက် အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကတုံ့ပြန်ပါတယ်။