Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဦး PDFက ပြည်သူများသို့ ​မေတ္တာရပ်ခံ

ပြည်သူနှင့် PDFများအကြား သွေးကွဲစေနိုင်သော “PDF တွေရှိရင် မြို့ရွာကြေနိုင်တယ်။” ဟူသော သွေးထိုးစကားများကိုလည်း နားမယောင်ကြရန်နှင့် ပြောဆိုခြင်းမပြုကြရန် အထူးတိုက်တွန်းတောင်းပန်ကြောင်း အသိပေးသည်။

မြန်မာတစ်ပြည်လုံး ရွာကြေ မြို့ကြေမည်ကိုစိုးပြီး တော်လှန် ရေးကို လက်လျှော့လိုက်လျှင် ဖက်ဒရယ်ဒီမိုကရေစီနှင့်ဝေးကာ ဖက်ဆစ်လက်အောက်တွင် ထာဝရအတွင်းကြေနေမည်ဖြစ်၍ “အနာခံမှ အသာစံရမည်”ဟူသော မြန်မာစကားပုံကို လက်ခံကြစေလိုကြောင်း ချောင်းဦးမြို့နယပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

လက်နက်ကိုင် တော်လှန်ရေးသဘောသဘာဝအရ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ထိခိုက်ဆုံးရှုံးမှု အနည်းနှင့်အများ ရှိတတ်ကြသည်ကို ပြည်သူများ နားလည်သဘောပေါက်စေလိုကြောင်း၊ နိုင်ငံနှင့်အဝှမ်း တိုက်ပွဲများကြမ်းတမ်းလာခြင်းနှင့် ဖက်ဆစ်စစ်တပ်၏ ရှုံးမဲမဲကာ ပြည်သူအများအပေါ် ရက်စက်ယုတ်မာသော သတင်းများ မကြာခဏ တွေ့မြင်ကြားသိနေရကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ချောင်းဦးမြို့နယ်သည် ပထဝီအနေအထားအရ စစ်ဘေးရှောင်ရန် နေရာရှားပါးလှကြောင်း၊ ထို့ကြောင့် ဖက်ဆစ်စစ်တပ်အား အင်တိုက်အားတိုက် တိုက်စစ်ဆင်ရန် ခက်ခဲသော်လည်း အတိုင်းအတာတစ်ခုထိ အခြေအနေပေါ်မူတည်ကာ တိုက်ခိုက်ခဲ့ကြောင်း၊ ချောင်းဦး PDFသည် မြို့ရွာထိခိုက်မှုနည်းအောင် အတက်နိုင်ဆုံး ရှောင်ရှားမည်ဖြစ်ပြီး တော်လှန် ရေးသဘောသဘာဝအရ ပျက်ဆီးဆုံးရှုံးမှုများ မလွဲမသွေကြုံရနိူင်ကြောင်း၊ “အနာခံမှ အသာစံရမည်”ဟူသော မြန်မာစကားပုံကို လက်ခံကြစေလိုပြီး ပြဿနာ၏ အရင်းအမြစ်သည် ပြည်သူ့အာဏာကို အကြမ်းဖက်လုယူသော ဖက်ဆစ် စစ်ခေါင်းဆောင်များကြောင့်ဟု အမြင်ကျယ်ကျယ် သုံးသပ်ကြည့်စေလိုကြောင်း ချောင်းဦးမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူနှင့် PDFများအကြား သွေးကွဲစေနိုင်သော “PDF တွေရှိရင် မြို့ရွာကြေနိုင်တယ်။” ဟူသော သွေးထိုးစကားများကိုလည်း နားမယောင်ကြရန်နှင့် ပြောဆိုခြင်းမပြုကြရန် အထူးတိုက်တွန်းတောင်းပန်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ချောင်းဦး PDF အနေဖြင့် ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အဓိကထားကာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ် အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ချောင်းဦး PDF အဖွဲ့ဝင်များ၏ လုံခြုံရေးကို တက်နိုင်သလောက်ထမ်းဆောင်ပေးကြပါရန် အကူအညီတောင်းခံထားသည်။

ပြည်သူများအနေဖြင့် နား၊ မျက်စိ ကိုအသုံးပြုကာ ဖက်ဆစ်စစ်တပ်၊ ဖက်ဆစ်သတင်းပေး(ဒလံ)နှင့် ပျူစောထီးအကြမ်းဖက်တို့၏ သတင်းအချက်အလက်များကို တက်နိုင်သမျှ တိကျစွာသတင်းယူကာ PDFများထံ အချိန်နှင့်တပြေးညီ သတင်းပေးစေလိုကြောင်း၊ PDFများထံမှ သတင်းအချက်အလက်များကို ဖက်ဆစ်အုပ်စုနှင့် သတင်းပေးများထံမရောက်အောင် ပါးစပ်ဖြင့်ဆင်ခြင်ပေးစေလိုကြောင်း၊ ထိုနည်းများဖြင့် PDFများ၏ လုံခြုံရေး ကူညီပေးစေလိုကြောင်း အကူအညီတောင်းသည်။

တော်လှန်ရေး ရေချိန်မြင့်တက်လာခြင်းသည် ရောင်နီလာချိန်နီးလျှင် အမှောင်ထုနက်လာသကဲ့သို့ တစ်စတစ်စ ပိုမိုခက်ခဲကြမ်းတမ်းလာပြီဖြစ်ကြောင်း၊ ထိုသို့ ပိုမိုခက်ခဲလာချိန်တွင် ပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ သွေးစည်းချစ်ကြည်မှု ပိုမိုလိုအပ်လာကြောင်း၊ ချောင်းဦးမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ချစ်စွာသော ပြည်သူလူထုအတွက် တော်လှန်ရေးကို အဆုံးထိတိုက်ပွဲဝင်ရန် အဖွဲ့စတင်တည်ထောင်ကတည်းက ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။