Connect with us

Hi, what are you looking for?

News

ချောင်းဦး PDFက ပြည်သူများသို့ ​မေတ္တာရပ်ခံ

ပြည်သူနှင့် PDFများအကြား သွေးကွဲစေနိုင်သော “PDF တွေရှိရင် မြို့ရွာကြေနိုင်တယ်။” ဟူသော သွေးထိုးစကားများကိုလည်း နားမယောင်ကြရန်နှင့် ပြောဆိုခြင်းမပြုကြရန် အထူးတိုက်တွန်းတောင်းပန်ကြောင်း အသိပေးသည်။

မြန်မာတစ်ပြည်လုံး ရွာကြေ မြို့ကြေမည်ကိုစိုးပြီး တော်လှန် ရေးကို လက်လျှော့လိုက်လျှင် ဖက်ဒရယ်ဒီမိုကရေစီနှင့်ဝေးကာ ဖက်ဆစ်လက်အောက်တွင် ထာဝရအတွင်းကြေနေမည်ဖြစ်၍ “အနာခံမှ အသာစံရမည်”ဟူသော မြန်မာစကားပုံကို လက်ခံကြစေလိုကြောင်း ချောင်းဦးမြို့နယပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

လက်နက်ကိုင် တော်လှန်ရေးသဘောသဘာဝအရ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ထိခိုက်ဆုံးရှုံးမှု အနည်းနှင့်အများ ရှိတတ်ကြသည်ကို ပြည်သူများ နားလည်သဘောပေါက်စေလိုကြောင်း၊ နိုင်ငံနှင့်အဝှမ်း တိုက်ပွဲများကြမ်းတမ်းလာခြင်းနှင့် ဖက်ဆစ်စစ်တပ်၏ ရှုံးမဲမဲကာ ပြည်သူအများအပေါ် ရက်စက်ယုတ်မာသော သတင်းများ မကြာခဏ တွေ့မြင်ကြားသိနေရကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ချောင်းဦးမြို့နယ်သည် ပထဝီအနေအထားအရ စစ်ဘေးရှောင်ရန် နေရာရှားပါးလှကြောင်း၊ ထို့ကြောင့် ဖက်ဆစ်စစ်တပ်အား အင်တိုက်အားတိုက် တိုက်စစ်ဆင်ရန် ခက်ခဲသော်လည်း အတိုင်းအတာတစ်ခုထိ အခြေအနေပေါ်မူတည်ကာ တိုက်ခိုက်ခဲ့ကြောင်း၊ ချောင်းဦး PDFသည် မြို့ရွာထိခိုက်မှုနည်းအောင် အတက်နိုင်ဆုံး ရှောင်ရှားမည်ဖြစ်ပြီး တော်လှန် ရေးသဘောသဘာဝအရ ပျက်ဆီးဆုံးရှုံးမှုများ မလွဲမသွေကြုံရနိူင်ကြောင်း၊ “အနာခံမှ အသာစံရမည်”ဟူသော မြန်မာစကားပုံကို လက်ခံကြစေလိုပြီး ပြဿနာ၏ အရင်းအမြစ်သည် ပြည်သူ့အာဏာကို အကြမ်းဖက်လုယူသော ဖက်ဆစ် စစ်ခေါင်းဆောင်များကြောင့်ဟု အမြင်ကျယ်ကျယ် သုံးသပ်ကြည့်စေလိုကြောင်း ချောင်းဦးမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူနှင့် PDFများအကြား သွေးကွဲစေနိုင်သော “PDF တွေရှိရင် မြို့ရွာကြေနိုင်တယ်။” ဟူသော သွေးထိုးစကားများကိုလည်း နားမယောင်ကြရန်နှင့် ပြောဆိုခြင်းမပြုကြရန် အထူးတိုက်တွန်းတောင်းပန်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ချောင်းဦး PDF အနေဖြင့် ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အဓိကထားကာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ် အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ချောင်းဦး PDF အဖွဲ့ဝင်များ၏ လုံခြုံရေးကို တက်နိုင်သလောက်ထမ်းဆောင်ပေးကြပါရန် အကူအညီတောင်းခံထားသည်။

ပြည်သူများအနေဖြင့် နား၊ မျက်စိ ကိုအသုံးပြုကာ ဖက်ဆစ်စစ်တပ်၊ ဖက်ဆစ်သတင်းပေး(ဒလံ)နှင့် ပျူစောထီးအကြမ်းဖက်တို့၏ သတင်းအချက်အလက်များကို တက်နိုင်သမျှ တိကျစွာသတင်းယူကာ PDFများထံ အချိန်နှင့်တပြေးညီ သတင်းပေးစေလိုကြောင်း၊ PDFများထံမှ သတင်းအချက်အလက်များကို ဖက်ဆစ်အုပ်စုနှင့် သတင်းပေးများထံမရောက်အောင် ပါးစပ်ဖြင့်ဆင်ခြင်ပေးစေလိုကြောင်း၊ ထိုနည်းများဖြင့် PDFများ၏ လုံခြုံရေး ကူညီပေးစေလိုကြောင်း အကူအညီတောင်းသည်။

တော်လှန်ရေး ရေချိန်မြင့်တက်လာခြင်းသည် ရောင်နီလာချိန်နီးလျှင် အမှောင်ထုနက်လာသကဲ့သို့ တစ်စတစ်စ ပိုမိုခက်ခဲကြမ်းတမ်းလာပြီဖြစ်ကြောင်း၊ ထိုသို့ ပိုမိုခက်ခဲလာချိန်တွင် ပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ သွေးစည်းချစ်ကြည်မှု ပိုမိုလိုအပ်လာကြောင်း၊ ချောင်းဦးမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ချစ်စွာသော ပြည်သူလူထုအတွက် တော်လှန်ရေးကို အဆုံးထိတိုက်ပွဲဝင်ရန် အဖွဲ့စတင်တည်ထောင်ကတည်းက ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook