Connect with us

Hi, what are you looking for?

LuduNwayOo

News

မြို့သစ်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဗိဿနိုးPDF သတ်

မိမိတို့အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေတပ်တော်(ဗိဿနိုးPDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာ၁၃) ညနေ ၄နာရီခွဲအချိန်ခန့်က မကွေးတိုင်း မြို့သစ်မြို့နယ် ပုလင်းပြားကြီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ စစ်ကောင် စီသတင်းပေးအကြီးစား ဝင်းစိုးအား အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေးတက်ပြီး ပြန်အလာတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်က အသိပေးသည်။

မိမိတို့နယ်မြေအတွင်း၌ အကြမ်းဖက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူး များအနေဖြင့် အချိန်မီ နှုတ်ထွက်ရန် သတိပေးလိုက်ပြီး နှုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ် စည်းစိမ်များအား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်သည်ဟု ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ် ရေးတပ်မတော်က သတိပေးချက်ထုတ်ပြန်သည်။

မိမိတို့အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၁ ရက်ကလည်း ပုလင်းပြားကြီးကျေးရွာ အုပ်စုရှိ ပုလင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲအား သေနတ်နှင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခြင်းမရှိကြောင်း၊ ပုလင်းပြားကြီးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများကြောင့် လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။