Connect with us

Hi, what are you looking for?

News

မြို့သစ်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဗိဿနိုးPDF သတ်

မိမိတို့အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေတပ်တော်(ဗိဿနိုးPDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာ၁၃) ညနေ ၄နာရီခွဲအချိန်ခန့်က မကွေးတိုင်း မြို့သစ်မြို့နယ် ပုလင်းပြားကြီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ စစ်ကောင် စီသတင်းပေးအကြီးစား ဝင်းစိုးအား အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေးတက်ပြီး ပြန်အလာတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်က အသိပေးသည်။

မိမိတို့နယ်မြေအတွင်း၌ အကြမ်းဖက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူး များအနေဖြင့် အချိန်မီ နှုတ်ထွက်ရန် သတိပေးလိုက်ပြီး နှုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ် စည်းစိမ်များအား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်သည်ဟု ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ် ရေးတပ်မတော်က သတိပေးချက်ထုတ်ပြန်သည်။

မိမိတို့အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၁ ရက်ကလည်း ပုလင်းပြားကြီးကျေးရွာ အုပ်စုရှိ ပုလင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲအား သေနတ်နှင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခြင်းမရှိကြောင်း၊ ပုလင်းပြားကြီးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများကြောင့် လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။