Connect with us

Hi, what are you looking for?

News

ရွှေဘိုနှင့်ကန့်ဘလူမြို့နယ်များတွင် စစ်ကောင်စီတပ်ယာဥ်များကိုဒေသခံPDF များဗုံးခွဲတိုက်ခိုက်

ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာ စခန်းသို့ပြန်လည်ရောက်ရှိခဲ့သည်ဟု ကန့်ဘလူ PDFက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ကန့်ဘလူမြို့နယ်များတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများမောင်းနှင်လာသော ဆိုင်ကယ်များနှင့် သံသယဖြစ်ဖွယ်ယာဥ်အချို့အား နယ်ခံPDF များက မိုင်းဆွဲ ခုခံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးနိုင်ကြောင်း သက်ဆိုင်ရာ PDFအဖွဲ့များကထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၁၇ရက်) နံနက် ၈ နာရီအချိန် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီး ကျေးရွာသို့ ဆိုင်ကယ်လေးစီးဖြင့် လာရောက်ခဲ့သည့် ပျူစောထီးလမ်းပြ အပါအဝင် ရဲသား ၈ ယောက်တို့အား ကန့်ဘလူPDF ပူးပေါင်းတပ်စု မှ မိုင်း ၂ လုံးဆွဲကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ရဲတပ်သားများအထိနာကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံကားဖြင့်လာရောက်သယ်ဆောင်သွားခဲ့ကြောင်း ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန့်ဘလူ PDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာ စခန်းသို့ပြန်လည်ရောက်ရှိခဲ့သည်ဟု ကန့်ဘလူ PDFက ပြောသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ရွှေဘို မှ မုံရွာ ဘက်သို့မောင်းလာသော အန်စာတုံး နှစ်စီးမှန်မချဘဲမောင်းနှင်လာသောကြောင့် နယ်ခံ လှော်တက်အင်အားစု၁၂၆ အဖွဲ့မှ မိုင်းခွဲခြောက်လန့်ခဲ့ရာ ကားမှန်များကွဲပြီး ကားပေါ်ပါသူများ ဒဏ်ရာရကာ သေကြေပျက်စီးမှုရှိနိုင်ကြောင်း၊ နောက်ထပ်နှစ်စီးထပ်မောင်းလာရာ ၂နာရီ ၅၀ မိနစ်အချိန်တွင် နောက်တစ်ကြိမ်မိုင်း ခွဲတိုက်ခိုက်ခဲ့ကြောင်း လှော်တက်အင်အားစု၁၂၆ အဖွဲ့မှ အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါကားပေါ်တွင် မည်သည့် အဖွဲ့အစည်းများလိုက်ပါလာသည်ကို နယ်ခံPDFအဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။