မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးရုံးအား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရုံးအတွင်းပျက်စီးမှုများဖြစ်ခဲ့သည်။
ယနေ့ (အောက်တိုဘာ ၁၉ရက်) ညနေ ၅နာရီခန့်တွင် စစ်ကောင်စီအုပ်ချုပ်ရေးရုံးအား ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

“လူအထိအခိုက်တော့ မကြားမိဘူး။ရုံးတော့ အမိုးတွေလန် သွားတယ်။ဘေး အုတ်ဘောင်တွေလည်း ပဲ့သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖောက်ခွဲတိုက်ခိုက်မှုကို အချိန်ကိုက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှစ်ခုစလုံး အန္တရာယ် ကင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
စစ်ကောင်စီအား အလုပ်အကျွေးပြုနေသော ဒလန်၊ပျူစောထီးနှင့် အခြားသော စစ်ကောင်စီလက်ပါးစေမှန်သမျှကိုလည်း ရှင်းလင်းသွားမည်ဟု ဆိုသည်။
ယခုလအတွင်းရေးမြို့နယ်အတွင်း ရှိ ရဲစခန်းအားဗုံးဖောက်ခွဲခြင်းအပါအဝင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်အား ဖျက်စီးခြင်းနှင့် စစ်ကောင်စီတပ်သားများအား ခြုံခိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။




















































