Connect with us

Hi, what are you looking for?

News

ချင်းတောင်ပိုင်းသို့ အင်အားဖြည့်လာသည့်စစ်ကောင်စီယာဉ်တန်း မင်းတပ် – မတူပီလမ်းတစ်ဝက်ခရီး ရောက်ရှိ

“သူတို့ဘက်က စစ်ကား ၈၃စီးနဲ့ အင်အား ၂၀၀လောက်ပါတယ်။ မြေပြင်အခြေအနေအရဆိုရင် မိုင် ၅၀လောက်ရောက်လောက်ပြီ” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်းသို့ အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မိုင် ၁၀၀ကျော်ဝေးသည့် မင်းတပ် – မတူပီလမ်း၏ တစ်ဝက်ခရီး ရောက်ရှိလာပြီဖြစ်ကြောင်း မတူပီချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားသည်။

“သူတို့ဘက်က စစ်ကား ၈၃စီးနဲ့ အင်အား ၂၀၀လောက်ပါတယ်။ မြေပြင်အခြေအနေအရဆိုရင် မိုင် ၅၀လောက်ရောက်လောက်ပြီ” ဟု ၎င်းက ဆိုသည်။

မတူပီအခြေစိုက်တပ်လည်းက အင်အား ၇၀ခန့်ဖြင့် စက်ယန္တရားသုံးပြီး မြေပြင်ရှင်းလင်းရေး လုပ်ဆောင်ခြင်း၊ အဝေးမှလက်နက်ကြီး ပစ်ကူပစ်ခတ်ပြီး လမ်း ကြောင်းရှင်းလင်းနေသည်ဟု ဆိုသည်။

“အဓိကတော့ မိုင်းရော လမ်းပိတ်ဆို့မှုရောပေါ့။ ကျွန်တော်တို့ တပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေ ပါရင်ပါမယ်။ တောင်ပြိုတာ မြေပြိုတဲ့နေရာတွေမှာ ရှင်းတဲ့ဟာတွေလည်းရှိတယ်။ အဲဒီအတွက် စက်ယန္တရားသုံးတာပါ” ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ် – မတူပီလမ်းသည် မိုးကာလတွင် ပုံမှန်အတိုင်း သွားလာမည်ဆိုပါက ၁ရက် သို့မဟုတ် ၂ရက် ခရီးသာကြာကြောင်း၊ ယခုအင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သည်အောက်တိုဘာလလယ်မှစ၍ မင်းတပ်မှ စတင်ထွက်ခွာရာ ၁ပတ်ခန့်ကြာကြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“တဖြည်းဖြည်းတိုးလာတဲ့အခြေအနေရှိတယ်။ လော လောဆယ်တိုက်ပွဲ ဖြစ်တာတော့ မရှိဘူး။ သူတို့ စကစ ဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့ဟာတော့ ပြည်သူတွေနေတဲ့ အိမ်တွေပေါ်ကျပြီး မီးလောင်တာတော့ရှိတယ်။ အခုအခြေအနေက မြေပြင်မှာလည်း ကျွန်တော်တို့ ညီအကိုတွေအားလုံးက လုံခြုံရေးယူထားတော့ သူတို့အနေနဲ့ နောက် ၂ရက်လောက်ဆိုရင်တော့ သူတို့ ဖြတ်သန်းသွားလာပုံအရ မတူပီရောက်မယ်လို့ ခန့်မှန်းထားတယ်ဗျ။ လောလောဆယ် အခြေအနေအရပေါ့”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ချင်းမြောက်ပိုင်းသို့ အင်အားဖြည့်တင်းရာ မိုင် ၄၀ကျော် သာဝေးသည့် ဖလမ်းမှ ဟားခါးလမ်းကို တစ်ပတ်ကျော်ကြာ ခရီးကြာမြင့်ခဲ့သည်။

“သူတို့ဟားခါးကို မနေ့ကဝင်တယ်လို့ ကြားတာပေါ့။ ယာဉ်အစီးရေ ၃၀နဲ့ ၄၀ကြားလို့ ခန့်မှန်းရပါတယ်။ အင်အား ၃၀၀ လောက်တော့ရှိမယ်။ အဲဒီလိုပဲသိထားရပါတယ်”ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေး ဆိုခွင့်ရှိသူဆလိုင်းထက်နီက ယနေ့ ပြောကြားသည်။

ဖလမ်း -ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များကို CDFနှင့် CNFတပ်တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ဟားခါးစစ်ဗျူဟာကိုအင်အားဖြည့်တင်းပြီး CNF ဌာနချုပ် ဒေသသို့ထိုးစစ်ဆင်လာမည့်အလားအလားရှိကြောင်း ဆလိုင်းထက်နီက ခန့်မှန်းသည်။

“အဲဒီလိုဖြစ်လာပြီဆိုရင် ပြန်ပြီးတော့ ခုခံရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

Facebook