Connect with us

Hi, what are you looking for?

News

အာဆီယံရဲ့ ကြားဝင်မစွက်ဖက်ရေးမူဝါဒကို ပြန်လည်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စတင်ပြောလာ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အစား မြန်မာ နိုင်ငံက နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကိုဖိတ်ကြားတက်ရောက်စေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်းပိုမိုဆိုးရွားနေချိန်မှာ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရဘူးဆိုတဲ့ ဆယ်စုနှစ်များစွာရှည်ကြာခဲ့တဲ့ မူဝါဒကိုပြန်လည်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့(​အောက်တိုဘာ၂၁)မှာ ပြောပါတယ်။

ဧပြီတုန်းက သဘောတူဆုံးဖြတ်ခဲ့တဲ့ မြန်မာ့အရေးငြိမ်းချမ်းစွာ ဖြေရှင်းရေးအစီအစဉ် တိုးတက်မှုကင်းမဲ့တာကြောင့် လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးဖို့ သမာရိုးကျမဟုတ်တဲ့လုပ်ဆောင်မှုတစ်ရပ်ကို အာဆီယံက ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အစား မြန်မာ နိုင်ငံက နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကိုဖိတ်ကြားတက်ရောက်စေမှာ ဖြစ်ပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ တွန်းအားပေးခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အာဆီယံအတွက် ရှားပါးပြောင်မြောက်တဲ့ခြေလှမ်းဖြစ်ပြီး အာဆီယံဟာ အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ဘုံဆုံးဖြတ်ချက်၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့သာ လုပ်ဆောင်လေ့ရှိတာပါ။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးဟာ ပြည်တွင်းရေးဖြစ်ပေမယ့် ဒေသတွင်းအပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီအရေးကိစ္စတွေကို ဖြေရှင်းရေး ရှောင်ရှားဖို့အတွက် ကြားဝင်မစွက်ဖက်ရေးမူဝါဒကို ဒိုင်တစ်ခု သဖွယ်အသုံးမပြုသင့်ဘူးဆိုတာကိုထည့်သွင်းပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Saifuddinက ပြောပါတယ်။

ကိုးကား – The Straits Times

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

Facebook