Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားအချင်းချင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ် အလောင်းဖျောက်၊ အသတ်ခံရသူမှာ တာဝန်ချိန်အရက်သောက်၍ဆိုကာ နစ်နာကြေးမပေး

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခုံရုံးတွေ့ရှိချက်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ၏ ထင်မြင်ယူဆက်ချက် တို့ ပါရှိသည်စာကို CDM အရာရှိအချို့က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်လေးဆောင်၌ အခြေပြု တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိနှင့်စစ်သည်တစ်စုသည် ၎င်းတို့တပ်ဖွဲ့မှ ဒုတပ်ကြပ် ရွှေလှမောင်ဆိုသူကို ထိုးကြိတ်၊ရိုက်နှက် နှိပ်စက်သတ်ဖြတ်ပြီးနောက် အလောင်းအား ဧရာ၀တီမြစ်အတွင်းသို့ မျှောချဖျောက်ဖျက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခုံရုံးတွေ့ရှိချက်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ၏ ထင်မြင်ယူဆချက် တို့ ပါရှိသည်စာကို CDM အရာရှိအချို့က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

ဩဂုတ် ၁၇ရက် က ဒုတပ်ကြပ် ရွှေလှမောင်သည် အရက်မူးပြီး ဆဲဆိုနေသဖြင့် အရက်၀ိုင်းဖွဲ့သောက် နေသည့် ဗိုလ်ကြီးထင်ကျော်လင်း နှင့် အဖွဲ့မှ ရဲတပ်ဖွဲ့သုံး ခါးပတ် ၊ တယ်လီဖုန်းလိုင်း ကြိုး တို့ဖြင့် ရိုက်နှက်ထိုးကြိတ်ပြီးခြေသလုံးညို့သကျည်း တလျှောက်ဝါးလုံးဖြင့်လှိမ့်၍ အပြစ်ပေးခဲ့သည်ဟုဆိုသည်။

ထို့နောက် ဒုတပ်ကြပ်ဖြစ်သူကို အခြားစာသင်ခန်း တစ်ခုအတွင်း တစ်ဦးတည်း ထားရှိခဲ့ကြောင်း၊ ဒုတပ်ကြပ်အနေဖြင့် ကောင်းစွာ လမ်းလျှောက်နိုင်ခြင်း မရှိဘဲ စားထားသည့် အစားအစာများ ပြန်အန် ထွက်ခဲ့ကြောင်း စာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၉ရက်တွင် ဗိုလ်ကြီးထင်ကျော်လင်းနှင့် အဖွဲ့သည် ၀ိုင်းဖွဲ့၍အရက်သောက်နေစဉ် ဒုတပ်ကြပ်ရွှေလှမောင် အရက်မူးနေကြောင်း တပ်ကြပ်တစ်ဦးက သတင်းပို့ခဲ့ရာ ဗိုလ်ကြီးနှင့်အဖွဲ့က ဒုတပ်ကြပ်မျက်နှာအား ခြေထောက်ဖြင့် ကန်ကျောက်၊ ထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ဒုတပ်ကြပ် ရွှေလှမောင်ကို ဓာတ်တိုင်၌ ကြိုဖြင့် ချည်နှောင်စေပြီး တန်းစီနေသူများအား ထွက်ရိုက်ရန် ဗိုလ်ကြီးထင်ကျော်လင်းမှ အမိန့်ပေးခဲ့သည်ဟုဖော်ပြထားသည်။

ထို့အပြင် “ အကုန် သေးနဲ့ ၀ိုင်းပန်းကွာ၊ ငါတာဝန်ယူတယ်။ မပန်းတဲ့ကောင် ငါနဲ့တွေ့မယ်” ဟု ဗိုလ်ကြီး ထင်ကျော်လင်းမှ ပြောဆို၍ တန်းစီနေသူများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒုတပ်ကြပ် ရွှေလှမောင်၏ မျက်နှာပေါ်သို့ တစ်လှည့်စီ သေးပေါက်ချခဲ့ရာ နောက်ပိုင်းတွင် ဒုတပ်ကြပ်သည် လှုပ်ရှားမှု မတွေ့ရတော့ဘဲ သေဆုံးသွားသည်ဟုဆိုသည်။

ဗိုလ်ကြီးထင်ကျော်လင်းက အလောင်းအား မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့ကာ ဩဂုတ် ၂၀ရက်တွင် ဒုဗိုလ်မှူးကြီး ကျော်မိုးအေးထံ သို့ ဖုန်းဆက်ပြီး ဒုတပ်ကြပ် ရွှေလှမောင် ခွင့်မဲ့ပျက်ကွက်နေကြောင်း လိမ်လည် သတင်းပို့ခဲ့သည်ဟုဆိုသည်။

ထိုသို့ လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် အရက်သောက်သည်ကို အကြောင်းပြု၍ အရာရှိဦးဆောင် သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံးခဲ့သည့်ဒုတပ်ကြပ် ရွှေလှမောင်၏ သေဆုံး မှုမှာ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ)က မှတ်ချက်ပေးခဲ့သည်။ထိုမှတ်ချက်ကြောင့်သေဆုံးသူမှာ လျော်ကြေး၊နစ်နာကြေး တို့မရနိုင်တော့ပေ ။

ဒုတပ်ကြပ်သေဆုံးမှုတွင်အဓိက တာဝန်ရှိသည့် ဗိုလ်ကြီး ထင်ကျော်လင်း နှင့် စစ်သည်များကို စစ်စည်းကမ်းအရ အရေးယူရမည်ဟု စာတွင်ဖော်ပြထားပြီး အချို့ကို အုပ်ချုပ်မှု စည်းကမ်း အရအရေးယူရမည်ဟု ပါရှိသည်။ အခင်းဖြစ်စဉ်ကို အမှတ်အတိုင်း သတင်းပို့သည့် တပ်သား ၂ဦးကိုမူ အရေးယူရန်မလိုအပ်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ)၏ ထင်မြင်ယူဆချက်၌ ဖော်ပြခဲ့သည်။

ဗိုလ်ကြီးထင်ကျော်လင်းသည် ဩဂုတ် ၁၀ရက်ကလည်း ဒုတပ်ကြပ် ရွှေလှမောင် ကင်းတာဝန်ထမ်း ဆောင်နေစဉ် အရက်မူးပြီး ပက်လက်လန်လဲကျခဲ့သဖြင့် ထိုးကြိတ် အပြစ်ပေးခဲ့ဖူးသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook