Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းတွင်စစ်ကောင်စီကိုလမ်းရှင်းပေးနေသော ဘတ်ဖိုးနှင့် ဘူဒိုဇာမောင်းနှင်သူများကိုတော်လှန်ရေးအဖွဲ့များသတိပေး

စစ်ကောင်စီတပ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးအထိအခိုက်များနေပြီး ယခုအခါ ဘတ်ဖိုး နှင့် ဘူဒိုဇာများအသုံးပြုကာ လမ်းရှင်းလင်းခြင်းကို ကနဦး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ လမ်းရှင်းပေးနေသော ဘတ်ဖိုးနှင့် ဘူဒိုဇာမောင်းနှင်းသူများကို ပြင်းထန်စွာ အရေးယူချေမှုန်းသွားမည်ဟု စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးညီနောင် မဟာမိတ် ၁၄ ဖွဲ့က ယနေ့ အသိပေးထုတ် ပြန်သည်။

ထို့အပြင်မြောင်၊မြင်းမူ၊ချောင်းဦး၊မုံရွာ၊ဆားလင်းကြီး နှင်ပုလဲ မြို့နယ်များရှိ လမ်းများကိုလည်း ည ၉ နာရီ မှ နံနက် ၅ နာရီခွဲအထိ မည့်သည့် ကားအမျိုးအစားမှ ဖြတ်သန်းခြင်းမပြုလုပ်ရန် လည်း ၎င်းတို့က သတိပေးသည်။

“ကျွန်တော်တို့အာဏာရူးလက်အောက်ခံတွေကိုစစ်ကျေးကျွန်တွေကို မုန်းလို့လုပ်နေတာမဟုတ်ဘူး ။လုပ်ချင်လို့လုပ်နေကြတာလဲမဟုတ်ဘူး။ ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူ့အပေါ်အဓ္ဓမအနိုင်ကျင့်၊လူသားမဆန်တဲ့လုပ်ရပ်တွေကိုစစ်ကျေးကျွန်တွေက အထပ်အမိန့်အရဆိုပြီး ဦးနှောက်မရှိလုပ်ဆောင်ကြတယ်။ဒါကြောင့် သူတို့လည်း မရှောင်တော့ဘူး”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးအထိအခိုက်များနေပြီး ယခုအခါ ဘတ်ဖိုး နှင့် ဘူဒိုဇာများအသုံးပြုကာ လမ်းရှင်းလင်းခြင်းကို ကနဦး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဘတ်ဖိုးနှင့် ဘူဒိုဇာ မောင်းသူများအပါအဝင် စစ်ကောင်စီ ဒေါက်တိုင် အဖြစ် ဆောင်ရွက်နေသူများအားလုံးကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ချေးမှုန်းမည်ဟု ညီနောင် မဟာမိတ် ၁၄ ဖွဲ့က အထူးသတိပေးသည်။

အောက်တိုဘာ ၂၃ ရက်က မြောင်မြို့နယ်အတွင်း မဟာမိတ်များပူးပေါင်း စစ်ဆင်ရေးမှ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ကားနှစ်စီးပျက်စီကာ ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း CDSOM က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook