Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကိုလိုင်း​ကြေး​ပေး​နေသော​လောင်းကစားလုပ်ငန်းများရပ်တန့်ရန် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များသတိပေး

မေတ္တာရပ်ခံ သတိပေးချက်အား မလိုက်နာပါက ထိရောက်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းမုံရွာနှင့်ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားကိုလည်ပတ်စေသည့် ဘောလုံး၊ နှစ်လုံး၊ သုံးလုံး၊ အပါအဝင် လောင်းကစားလုပ်ငန်းများ ရပ်တန့်ကြရန်နှင့် ဆက်လက်လုပ်ကိုင်နေပါက ထိရောက်သောအရေးယူမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံ လိုင်းကြေးများပေး၍ ဘောလုံးပွဲများလောင်းခြင်း၊ 2D 3D များ ရောင်းချခြင်း၊ ဒိုင်ကိုင်ခြင်းများ ပြုလုပ်ခြင်းများသည် စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေနိုင်သော အကြီးမားဆုံး ထောက်တိုင်များ ဖြစ်နေကြောင်း၊ ဖက်ဆစ်စစ်တပ်အတွက် ကျည်ဆံဖိုးများပေး၍ စစ်ကောင်စီယန္တရားကို လည်ပတ်စေသော ထိုလုပ်ငန်းများကို ရပ်တန့်ပေးကြပါရန် မိဘပြည်သူများထံ မေတ္တာရပ်ခံ သတိပေးကြောင်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အသိပေးသည်။

မေတ္တာရပ်ခံ သတိပေးချက်အား မလိုက်နာပါက ထိရောက်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းမုံရွာနှင့်ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ထီးချိုင့်မြို့နယ်တွင်လည်း လောင်းကစားဝိုင်းပိုင်ရှင်များက လာရောက်ညှိနှိုင်းမှုများရှိနေကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

Public Service Announcement

Public Service Announcement

“PDFတွေက စစ်သားရဲသား​တွေလို ငွေပေးပြီးစည်းရုံး၍ မရပါ။ အဓိက က ပြည်သူများလောင်းကစားမှုကြောင့် မိသားစုတွေအတိဒုက္ခရောက်နေကြောင်း ကြားသိရတဲ့အတွက် လောင်းကစားဝိုင်းများအမြစ်ပြတ်စေဖို့ ဖြစ်ပါတယ်။အကယ်၍ မလိုက်နာပါက လောင်းကစားဝိုင်းပိုင်ရှင်များ၏ အသက်နှင့်ခန္ဓာ အိုးစားကွဲအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကိုင်းတိုင်းအပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီအားငွေပေးပြီး လောင်းကစားမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ