Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လှုပ်ရှားနေသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းမည်ဟု KIO ဥက္ကဋ္ဌပြော

အဆိုပါ မိန့်ခွန်း၌ KIO ဝန်ထမ်းများ၊ ပြည်သူလူထုများကိုအားပေးသည့် စကားများကို အဓိက ထားပြောကြားခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လှုပ်ရှားနေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းသွားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားသည်။

အောက်တိုဘာ ၂၅ရက်တွင် ကျရောက်သည့် KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၁)နှစ်ပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားသည့် မိန့်ခွန်းကို ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မိန့်ခွန်း၌ KIO ဝန်ထမ်းများ၊ ပြည်သူလူထုများကိုအားပေးသည့် စကားများကို အဓိက ထားပြောကြားခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လှုပ်ရှားနေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်ဆိုတဲ့အချက် ပါပါတယ်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွင်း၌ ပါရှိသည့် ပြောကြားချက်ကို ပြောပြသည်။

Public Service Announcement

Public Service Announcement

KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ရက်တွင် ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၌ စတင်ခဲ့သည်ဟုဆိုသည်။ KIO၏ လက်အောက်တွင် လက်နက်ကိုင်တပ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို ဖွဲ့စည်းထားသကဲ့သို့ အုပ်ချုပ်ရေးအတွက် ကချင်လွတ်လပ်ရေးကောင်စီ(KIC)ကို ဖွဲ့စည်းထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစ၍ KIO/KIA အနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသကဲ့သို့ ဒေသအချို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် လက်တွဲပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ခြင်းများလည်းရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။