Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတွေ တကျော့ပြန်ပေါ်လာ

ဒီနေ့မနက်ပိုင်းက ပြင်ဦးလွင် ၊ မြစ်ကြီးနားနဲ့ မိတ္ထီလာ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ကိုကျင်းပတာတွေ့ရပါတယ်။

နိုင်ငံတကာဖိအားတွေများလာချိန်နဲ့အာဆီယံထိပ်သီးအစည်းအဝေးကျင်းပဖို့ ရက်ပိုင်းအလိုမှာ အကြမ်းဖက်စစ်တပ်ကိုထောက်ခံပွဲတွေ တကျော့ပြန်ပေါ်လာပါတယ်။

ဒီနေ့မနက်ပိုင်းက ပြင်ဦးလွင် ၊ မြစ်ကြီးနားနဲ့ မိတ္ထီလာ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ကိုကျင်းပတာတွေ့ရပါတယ်။

အဲဒီထောက်ခံပွဲတွေမှာ NUG ၊ CRPH ကို အလိုမရှိကြောင်း ၊ စစ်ကောင်စီကို ထောက်ခံကြောင်း စာတမ်းတွေ ကိုင်ဆောင်ဆန္ဒပြပါတယ်။

ဒါအပြင် ဒီနေ့ မွန်းလွဲပိုင်း မန္တလေး နန်းမြို့ရိုးရှေ့မှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကို ပြုလုပ်မယ်လို့ အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်က ကြေညာထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးရက်ပိုင်းတွေအတွင်းမှာ ရန်ကုန်မြို့မှာ တပ်ထောက်ခံတွေပွဲကို ကျင်းပခဲ့တာတွေရှိခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ပြင်ဦးလွင်မှာပြုလုပ်တဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ စစ်​ကောင်စီစေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို စစ်တပ်​ထောက်ခံသူ နဲ့ အမျိုးသား​ရေးသမား​ဆိုသူတွေက ရန်ကုန်မြို့မှာ ​ထောက်ခံပွဲလုပ်တဲ့အခါ တက်​ရောက်သူ တစ်​ယောက်ကို တစ်​သောင်းကျပ်​ပေးမယ်ဆိုပြီး ​ခေါ်လာသူ​တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။

သတင်း

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သတင်း

ထို့အပြင် မြန်မာ့အရေးကိုထောက်ခံအားပေးနေသည့် တက်ကြွလှုပ်ရှားသူ စင်္ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက် အားပေးခဲ့သည်။