စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရဲမှူး၏ ဂျစ်ကားအား ဖောက်ခွဲခံရပြီး ဆည်မြောင်းရုံးရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၂း၀၀ နာရီဝန်းကျင်က မုံရွာ သန်းကုဋေအောင်ဆီဆိုင်လမ်းကြားတွင် ဖြတ်သန်းလာသည့် ရဲမှူးတစ်ဦး၏ ဂျစ်ကားအား Monywa Heroes Group, Monywa Nightking, Monywa UG Group တို့နှင့် ပူးပေါင်း၍ ဖေါက်ခွဲပစ်ခဲ့ကြောင်း
People’s Defence Force – South Monywaက အသိပေးသည်။

“ရဲမှူးလည်းကားပေါ်ပါတယ်ကြားတယ်။ သေချာစောင့်ပြီးလုပ်တာပါ။”ဟု People’s Defence Force – South Monywaမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“ပေါက်ကွဲမှုဖြစ်တဲ့နေရာနား စစ်ကားငါးစီးရောက်လာပြီး စစ်ဆေးတာတွေလုပ်တယ်။ မြို့ပေါ်က လူငယ်တစ်ယောက်လည်း အဖမ်းခံရတယ်လို့ကြားတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ဂျစ်ကားပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လမ်းသွားလမ်းလာများအား စစ်ဆေးနေကြောင်း မြို့ခံများကပြောသည်။
တဆက်တည်း ဆည်မြောင်းရုံးကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ယောက် လက်မောင်းစုတ်ပြတ်သွားခဲ့ပြီး သေနတ် (၈) ချက်လည်း ပစ်ဖေါက်ခဲ့ကြောင်း
People’s Defence Force – South Monywaက အသိပေးသည်။
ထိခိုက်သေဆုံးမှုနှင့် ဒါဏ်ရာရရှိမှု အသေးစိတ်မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကမူ ထိခိုက်မှု လုံးဝ မရှိကြောင်း People’s Defence Force – South Monywaက အသိပေးသည်။
KTV မှပြန်လာသော ဒုရဲအုပ်နှင့်ရဲတပ်သားတစ်ဦးတို့မုံရွာမြို့တွင် ယနေ့နံနက် ၄ နာရီခန့်က စက်မှုဇုန်ရပ်ကွက် စွယ်တော်လမ်းတွင် ဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။


















































