Connect with us

Hi, what are you looking for?

News

တရားမဝင်သစ်ခိုးထုတ်သူသုံးဦးအား ​လောင်းရှည် PDFဖမ်းဆီး

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်များ ခုတ်ယူသယ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက မကြာခဏ ဖမ်းမိမှုများရှိနေသည်။

တရားမဝင်ခိုးထုတ်လာသော သစ်တန်ချိန် ၂တန်ကျော်ကို လောင်းရှည်‌ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LS-PDF)မှဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသအတွင်းတွင် တရားမဝင် သစ်ခိုးထုတ်နေမှုများနှင့် တရားမဝင် သစ်ပင်ခုတ်လှဲနေမှုများရှိနေသည်ဟု ကြားသိရသဖြင့် လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LS-PDF)က သွားရောက်စစ်ဆေးခဲ့ရာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ (အောက်တိုဘာ ၂၆ )ရက် ညပိုင်းကဆိပ်ဖြူလမ်းကြောင်းပေါ်တွင်တရားမဝင်သစ်ခိုးထုတ်နေမှုအား တွေ့ရှိခဲ့ရပြီး ပါဝင်ကျူးလွန်သူသုံးဦးကို ဖမ်းဆီးနိုင်သည်ဟု LS-PDFက အသိပေးသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်များ ခုတ်ယူသယ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက မကြာခဏ ဖမ်းမိမှုများရှိနေသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း)က တရားမဝင်သစ် သုံးတန်ကျော် နှင့် အတူ ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။