Connect with us

Hi, what are you looking for?

News

သစ်ခိုးကားတစ်စီးကို KLPDF မီးရှို့ဖျက်ဆီးပြီး ယာဥ်မောင်းကို သတိပေးပြန်လွှတ်

ကောလင်းမြို့နယ်နမိတ်တွင်ပါဝင်သော ရွှေဘိုမြစ်ကြီးနားလမ်းမှတစ်ဆင့် တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီးကားအား KLPDF တပ်ရင်း (၁)က အောက်တိုဘာ ၂၅ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့နယ်တွင် တရားမဝင်သစ်များတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးအား ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF)က မီးရှို့ဖျက်ဆီးလိုက်ပြီး ယာဥ်မောင်းအား ပြန်လွှတ်ပေးလိုက်သည်။

ကောလင်းမြို့နယ်နမိတ်တွင်ပါဝင်သော ရွှေဘိုမြစ်ကြီးနားလမ်းမှတစ်ဆင့် တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီးကားအား KLPDF တပ်ရင်း (၁)က အောက်တိုဘာ ၂၅ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကားအားမီးရှို့ဖျက်ဆီးခဲ့သော်လည်း ကားသမားကိုလွှ တ်ပေးခဲ့ကြောင်း Kawlin People Defence Force – KLPDFက သတင်းထုတ်ပြန်သည်။

” နောက်နောင်တွင် တရားမဝင်သစ်ခိုးထုတ်ယဥ်များသဘာဝနှင့်ပတ်ဝန်းကျင်ကိုပျက်စီးစေမည့် လုပ်ရပ်များအား KLPDF မှ ပြင်းထန်စွာ အရေးယူတားဆီးသွားမည်ဖြစ်ပြီး ယခုလုပ်ရပ်ကိုစံပြအဖြစ်သတ်မှတ်ကာ တရားမဝင်လုပ်ငန်းများအားထပ်မံဖမ်းဆီးပြင်းပြင်ထန်ထန် အရေးယူဆောင်ရွက်သွားမည်”ဟု ဆက်လက် သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းရှိ တရားမဝင်သစ်စက်များကိုလည်း ယခုကဲ့သို့ အရေးယူပေးရန် KLPDF အားဒေသခံအချို့က တောင်းဆိုထားသည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒေသအချို့တွင် သစ်ခိုးထုတ်မှုများ ၊ရွှေခိုးတူးဖော်မှုများပိုမိုများပြားလာရာ ၊အာဏာလုစစ်ကောင်စီ မည်သို့မျှမလုပ်ဘဲ လွှတ်ထားသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သစ်ခိုးထုတ်မှု အပါအဝင် ရာဇဝတ်မှုများကို ဖော်ထုတ်အရေးယူနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ