Connect with us

Hi, what are you looking for?

News

အလုံဆိပ်ကမ်း ကုန်တင်၊ကုန်ချစီမံကိန်းကို အိန္ဒိယကုမ္ပဏီရုတ်သိမ်း

ကုမ္ပဏီက ၎င်းတို့ပိုင်ဆိုင်မှုများရောင်းချပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံထားမှုများကို ၂၀၂၂ မေလမှ ဇွန်လအတွင်း အပြီးသတ်ထွက်ခွာရန် ဆုံးဖြတ်ထားသည်ဟု ကုမ္ပဏီက ဆိုသည်။

People's Spring
People's Spring

အိန္ဒိယကုမ္ပဏီ Adani Ports and Special Economic Zone Ltd (APSE.NS)က ရန်ကုန်မြို့ အလုံဆိပ်ကမ်းရှိ ကုန်တင်၊ကုန်ချဆိပ်ကမ်းစီမံကိန်းကို ရုတ်သိမ်းတော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါစီမံကိန်းကို အိန္ဒိယကုမ္ပဏီက အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း(MEC)နှင့် အကျိူးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ကုမ္ပဏီ၏ ဆုံးရှုံးနိုင်မှုစီမံခန့်ရေးကော်မတီက မြန်မာ့နိုင်ငံရှိ ဆိပ်ကမ်းကို ပြန်လည်သုံးသပ်ပြီးနောက် ထိုစီမံကိန်းကို ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုများကိုလည်း ပြန်လည်ရောင်းချရန်လည်းပါဝင်သည်ဟု ကုမ္ပဏီက ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကုမ္ပဏီက ၎င်းတို့ပိုင်ဆိုင်မှုများရောင်းချပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံထားမှုများကို ၂၀၂၂ မေလမှ ဇွန်လအတွင်း အပြီးသတ်ထွက်ခွာရန် ဆုံးဖြတ်ထားသည်ဟု ကုမ္ပဏီက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုစီမံကိန်းကို အိန္ဒိယကုမ္ပဏီက အကြမ်းဖက်စစ်တပ်ပိုင် ရန်ကုန်မြို့ အလုံဆိပ်ကမ်းရှိ မြေဧက ၅၀ကျော်တွင် ဒေါ်လာ သန်း ၂၉၀အကုန်အကျခံ၍ စီမံကိန်းအကောင် အထည်ဖော်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းကို မြန်မာ နိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ၂၀၁၉ ဧပြီတွင် ကနဦး နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ စီမံကိန်း တည်ဆောက်ရေးကာလမှာ တစ်နှစ်ခွဲဖြစ်ပြီး တစ်နှစ်လျှင် ကုန်သေတ္တာ ၈သိန်းကို ကိုင်တွယ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အရပ်သားအစိုးရကို ဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူပြီးနောက် ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်နေသည်။ထိုသို့ လူအခွင့်အရေးများ ချိုးဖောက်နေချိန်တွင် အိန္ဒိယကုမ္ပဏီက ရန်ကုန်ရှိ ထိုဆိပ်ကမ်းအတွက် “မြေငှားရမ်းခ” အမေရိကန်ဒေါ်လာ သန်း၃၀ကို အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)သို့ ပေးခဲ့သည်။

နော်ဝေနိုင်ငံ၏ အကြီးဆုံးပင်စင်ရံပုံငွေ ကုမ္ပဏီ KLPက Adani ဆိပ်ကမ်းစီမံကိန်းများတွင် ရင်းနှီးမြှပ်နှံမှုများကို ရပ်ဆိုင်းခဲ့ကြောင်း ဇွန်လတွင် ထုတ်ပြန်ခဲ့သည်။

Adaniသည် လူအခွင့်အရေးအကြီးအကျယ် ချိုးဖောက်နေသည့် အကြမ်းဖက်စစ်တပ်နှင့် လုပ်ငန်းတွဲလုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်ဟု KLPက ဆိုထားသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများက စစ်တပ်နှင့်လက်တွဲလုပ်ကိုင်မှုကို ရပ်ဆိုင်းခဲ့သည်။ ထိုထဲတွင် ဂျပန် ကုမ္ပဏီများဖြစ်သည့် Kirin, Tokyo Tatemono , Fujita စသည့်တို့အပြင် ကုမ္ပဏီအများအပြားက လက်တွဲဖြုတ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။