Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေး ငြိမ်းချမ်းတဲ့အဖြေရှာမှု ကုလအထူးကိုယ်စားလှယ်အသစ် အကောင်းဆုံးကူညီနိုင်လိမ့်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မျှော်လင့်

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာဟာ ကုလ သမဂ္ဂမှာ ကာလရှည်၊ ထူးချွန်ပြောင်မြောက်တဲ့အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ချီးကျူးပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလန်းဟေး ဇာဟာ မြန်မာနိုင်ငံအခြေအနေရဲ့ ငြိမ်းချမ်းတဲ့အဖြေရှာမှုမှာ အကောင်းဆုံးကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ဟာ ဒေါက်တာနိုလန်းဟေးဇာကို တွေ့ဆုံခဲ့ပြီး အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံမှုကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ ဒီနေ့(အောက်တိုဘာ၂၈) စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာဟာ ကုလ သမဂ္ဂမှာ ကာလရှည်၊ ထူးချွန်ပြောင်မြောက်တဲ့အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ချီးကျူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒေါက်တာနိုလန်းဟေးဇာကိုခန့်အပ်တာနဲ့ပတ်သက်လို့ ကြိုဆိုတယ်လို့ မနေ့(အောက်တိုဘာ၂၇)က သဝဏ်လွှာပေးပို့ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။