Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး ငြိမ်းချမ်းတဲ့အဖြေရှာမှု ကုလအထူးကိုယ်စားလှယ်အသစ် အကောင်းဆုံးကူညီနိုင်လိမ့်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မျှော်လင့်

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာဟာ ကုလ သမဂ္ဂမှာ ကာလရှည်၊ ထူးချွန်ပြောင်မြောက်တဲ့အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ချီးကျူးပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလန်းဟေး ဇာဟာ မြန်မာနိုင်ငံအခြေအနေရဲ့ ငြိမ်းချမ်းတဲ့အဖြေရှာမှုမှာ အကောင်းဆုံးကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ဟာ ဒေါက်တာနိုလန်းဟေးဇာကို တွေ့ဆုံခဲ့ပြီး အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံမှုကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ ဒီနေ့(အောက်တိုဘာ၂၈) စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာဟာ ကုလ သမဂ္ဂမှာ ကာလရှည်၊ ထူးချွန်ပြောင်မြောက်တဲ့အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ချီးကျူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒေါက်တာနိုလန်းဟေးဇာကိုခန့်အပ်တာနဲ့ပတ်သက်လို့ ကြိုဆိုတယ်လို့ မနေ့(အောက်တိုဘာ၂၇)က သဝဏ်လွှာပေးပို့ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”