Connect with us

Hi, what are you looking for?

News

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲများ၌ ၎င်းတို့ ထိခိုက်ကျဆုံးမှုများပါက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကျွဲတဲရွာအနောက်ဘက်ရှိ လူငယ်သင်တန်းစခန်းအား စစ်ကောင်စီတပ်က လေယာဉ် သုံးစင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ကြားသိရသည်ဟု စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြော သည်။

ယနေ့(အောက်တိုဘာ၂၈)တွင် ချင်းတွင်းမြစ်တလျှောက် စစ်လေယာဉ် လေးစီး တက်သွားသည်ဟု သိရကြောင်း၊ အင်လှရွာအနီး ရှိ စခန်းနှင့် ကျွဲတဲရွာ စခန်း ၂ခု ဗုံးကျွဲခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်မှုရှိမရှိ မသိရသေးဟုဆိုသည်။

ကျွဲတဲရွာ တိုက်ခိုက်မှုဖြစ်စဉ်ကို The 74 Media က သတင်းဖော်ပြထားရာ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာအနောက်ဘက်ရှိ တဲသုံးလုံး ပျက်စီသွားကြောင်း၊ ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချသွားကြောင်း သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲများ၌ ၎င်းတို့ ထိခိုက်ကျဆုံးမှုများပါက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း ယမန်နေ့ အောက်တိုဘာ ၂၇ရက် က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီဌာန၏ နေစဉ် စစ်ရေးသတင်းဖော်ပြချက်၌ တွေ့ရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ကျောက်ပြင်သာ ရွာနှင့် ကချင်ကုန်းရွာ အကြားရှိ စစ်ကောင်စီ ၂၀ခန့် နေရာယူထားသည့် နေရာနှင့် နောက်ချန် စစ်ကောင်စီ အင်အား ၈၀ ခန့်နားနေသည့် နေရာ ၂ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ယမန်နေ့တွင် လက်နက်ကြီးများဖြင့် တစ်ချိန်တည်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၄၀ ဦးခန့် သေဆုံးနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook