Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး မေတ္တာရပ်ခံ

မြန်မာပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေက ကာကွယ်ဖို့ နိုင်ငံတကာရဲ့ အလေးအနက် အာရုံစိုက်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ အလွန်အမင်းလိုအပ်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

–စစ်တပ်က ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကုလကို အစီရင်ခံ

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့အရေးယူဆောင်ရွက်မှုမှာ အချိန်နှောင်းနေပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးမှာ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ တင်သွင်းတဲ့ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အစီရင်ခံခဲ့ပါတယ်။

မြန်မာပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေက ကာကွယ်ဖို့ နိုင်ငံတကာရဲ့ အလေးအနက် အာရုံစိုက်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ အလွန်အမင်းလိုအပ်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူတွေဟာ အချိန်နဲ့အမျှ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကိုခံစားနေရပြီး မနေ့ကတစ်ရက်တည်းပင် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ဘုရားကျောင်းနှစ် ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ဟာ အင်အားကြီးမားတဲ့ စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်မှာ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး အဲဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ အမြောက်အများကို ပစ်မှတ်ထားတယ်လို့ မြန်မာသံအမတ်ကြီးက အစီရင်ခံပါတယ်။

အဲဒီလို အင်အား အဆမတန် အသုံးပြုပြီး အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းတွေဟာ သွေးထွက်သံယိုမှုများ၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဖြစ်ရပ်ဆိုးတွေကို ဖန်တီးလာဦးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂကိုအသိပေးပါတယ်။

မြန်မာပြည်သူတွေကတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ညီတဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အရာအားလုံးပေးဆပ်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံအတွက်သမိုင်းတွင်မယ့် အလှည့်အပြောင်းကာလမှာ မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ခိုင်မာတဲ့ အားပေးထောက်ခံမှုကိုလိုအပ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ အပြည့်အဝပြန်လည်ရရှိချိန်အထိ မြန်မာ့အရေးကို လူ့အခွင့်အရေးကောင်စီရဲ့ အာဂျင်ဒါ ထိပ်ဆုံးမှာ ဆက် လက်ထားရှိပေးဖို့နဲ့ နိုင်ငံအသီးသီးနဲ့ ကုလသမဂ္ဂအနေ ဖြင့် မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြဖို့ ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။