Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က အောက်တိုဘာလတွင် ချင်းပြည်နယ်ရှိ နေအိမ် ၃၀၀ ကျော်နှင့် ဘုရားကျောင်း ၂ ကျောင်းကိုမီးရှို့ဖျက်ဆီးခဲ့

စက်တင်ဘာလ၁၈ ရက်ကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့ရှိနေအိမ် ၁၉ လုံးကို လက်နက်ကြီးဖြင့်ပစ်ခတ်မီးရှိုခဲ့သလို ၊ခရစ်ယာန်သင်းအုပ်ဆရာ ပါစတာကျုံးဗျက် ကိုသေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ထို့အပြင်စစ်ကောင်စီတပ်သားများက ကျဆုံးသွားသောပါစတာကျုံးဗျက်၏လက်ချောင်းအားဖျက်၍ လက်စွပ်ချွတ်ယူပြီး နာရီကိုလည်းယူခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလအတွင်း ချင်းပြည်နယ်ရှိ မြို့နယ် ၅ ခုမှ အိမ်ခြေ ၃၀၀ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းပြည်နယ်ကာကွယ်ရေးပူးတွဲကော်မတီ(Chinland Joint Defense Committee (CJDC)က ယနေ့(အောက်တိုဘာ ၃၁ ရက်)တွင်ထုတ်ပြန်သည်။

ထိုလုပ်ရပ်များတွင် အကြမ်းဖက်စစ်ကောင်စီသည် ဂျနီဗာ ကွန်ဗန်းရှင်းသဘောတူညီချက်ကို လိုက်နာမူမရှိဘဲ စစ်ရာဇဝတ်ကျူးလွန်ခြင်းဖြစ်၍ CJDCသည် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်ကို ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝန်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းစသော အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အောက်တိုဘာ ၁၂ ရက်မှ ၂၆ ရက်အတွင်း ဖလမ်းနှင့် ဟားခါးမြို့နယ်များတွင်ရှိသော ဟားခါး-ဖလမ်းလမ်းမကြီးဘေးမှ ကျေးရွာ ၃ မှ နေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။အလားတူအောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အတွင်း မင်းတပ်-မတူပီလမ်းကြီးဘေးရှိ လူနေအိမ် ၁၀၇လုံး မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများကို လုယူခဲ့သည်။ ထိုပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်လုံးနှင့် လူနေအိမ် ၁၆၄ လုံးကို အောက်တိုဘာ ၂၉ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စက်တင်ဘာလ၁၈ ရက်ကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့ရှိနေအိမ် ၁၉ လုံးကို လက်နက်ကြီးဖြင့်ပစ်ခတ်မီးရှိုခဲ့သလို ၊ခရစ်ယာန်သင်းအုပ်ဆရာ ပါစတာကျုံးဗျက် ကိုသေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ထို့အပြင်စစ်ကောင်စီတပ်သားများက ကျဆုံးသွားသောပါစတာကျုံးဗျက်၏လက်ချောင်းအားဖျက်၍ လက်စွပ်ချွတ်ယူပြီး နာရီကိုလည်းယူခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထိုအတူမင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီသည် ထန်တလန်မြို့ကို မီးရှို့ပြီ လူထု၏ အဖိုးတန်ပစ္စည်းများလုယက်ခြင်းကို ဝမ်းနည်းကြေကွဲကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြုတ်သည့် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ယနေ့(အောက်တိုဘာ ၃၁ ရက်)မှာပင်ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကအောက်တိုဘာ ၂၉ ရက်ထန်တလန် မြို့တွင်လောင်ကျွမ်းသောမီးမှာ PDF များကရှို့ သောမီးဟု လွှဲချခဲ့သေးသည်။
ဒေသခံအားလုံးကမူ အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှိုခဲ့ခြင်းဖြစ်ကြောင်းတညီတစ်ညွတ်တည်းပြောကြသည်။ လူ့ငယ်ခေတ်(Lu Nge Khit) အမည်ရှိသတင်းဌာနက စစ်ကောင်စီတပ်သားများ မီးရှို့ခံ့သောရုပ်သံဖိုင်ကို အောက်တိုဘာ ၃၀ ရက်တွင်ဖော်ပြထားသည်။

CJDCတွင် CDF-Tonzang, ZFU/PDF-Zoland, CNO/CNDF, CDF-Hakha, CDF-Thantlang, CDF-Matupi, CDF-Mindat, CDF-Kanpetlet, CDF-Paletwa, CDF-KKG, CDF-Dai, CDF-Zotung, MPC/CDF-Mara, CDF-Lautu, CDF-Zophei, CDF-Hualngo နှင့် ချင်းအမျိုးသားတပ်ဉီးတို့ ပူးပေါင်းပါဝင်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

Facebook