Connect with us

Hi, what are you looking for?

News

ကြားဝင်မစွက်ဖက်ရေးထက် ဥပေက္ခာမပြုရေးမူဝါဒကို အာဆီယံ ချမှတ်ကျင့်သုံးဖို့ မလေးရှားပြော

အဲဒီအထူးအစည်းအဝေးမှာ လက်ရှိ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Erywan Yusof ကို ထပ်မံအတည်ပြုရေးဟာ အရေးကြီးဆုံးဆွေးနွေးမယ့်အကြောင်းအရာဖြစ် လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းရာမှာ ကြားဝင်မစွက်ဖက်ရေးမူဝါဒထက် ဥပေက္ခာမပြုရေးမူဝါဒကို အာဆီယံက ချမှတ်ကျင့်သုံးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့(နိုဝင်ဘာ ၁ ရက်)ပြောပါတယ်။

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံများအကြား ကြားဝင်မစွက် ဖက်ရေးမူဝါဒကျင့်သုံးနေပြီး အဲဒီ မူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်ဖို့တိုက်တွန်းနေတဲ့ မလေးရှားဟာ လာမယ့်နှစ် အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အထူးအစည်းအဝေးကျင်းပဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အဲဒီအထူးအစည်းအဝေးမှာ လက်ရှိ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Erywan Yusof ကို ထပ်မံအတည်ပြုရေးဟာ အရေးကြီးဆုံးဆွေးနွေးမယ့်အကြောင်းအရာဖြစ် လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

အခုအာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းက သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး(၂) Erywan Yusofကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လဆန်းမှာ ခန့်အပ်ခဲ့ပြီး လာမယ့်နှစ်အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားက အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို ခန့်အပ်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားကတော့ Eyrwan Yusofကိုပဲ အထူးကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ဖို့ လိုလားနေပါတယ်။

ဒါ့အပြင် မျှော်မှန်းထားတဲ့အထူးအစည်းအဝေးမှာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရသင့်တဲ့ လူစာရင်းနဲ့ပတ်သက်လို့လည်းဆွေးနွေးသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

“မလေးရှားအတွက် အထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားပုဂ္ဂိုလ်တွေကို တွေ့ဆုံခွင့်ရရပါမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရေးက အဓိကဖြစ်ပါလိမ့်မယ်” လို့ Saifuddin Abdullah က ဆက်ပြောပါတယ်။

ကိုးကား – Nikkei Asia

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

Facebook