Connect with us

Hi, what are you looking for?

News

မိုးကုတ်မှာ နေအိမ်ပေါ် ကျောက်ကမ်းပါးယံ ပြိုကျလို့ အမျိုးသမီး ၁ဦး ဒဏ်ရာရ၊ အမျိုးသား ၁ ဦးပျောက်ဆုံးနေ

“မိုးကုတ်မှာ မိုးမများဘူးရယ်။ နေပူနေတာ။ မိုးမရွာဘဲနဲ့တောင်ပြိုပြီးပိတာ”လို့ မိုးကုတ်ေဒေသခံတစ်ဦးကပြောပါတယ်။

မိုးကုတ်မြို့ ၊ ရွှေကူရပ်ကွက် က အုန်းကိုင်းရွာသစ်မှာ ဒီနေ့မနက်ပိုင်းက လူနေအိမ်ပေါ် ကျောက်ကမ်းပါးယံ ပြိုကျတာကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာရကာ အမျိုးသား ၁ ဦးပျောက်ဆုံးနေလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေရပါတယ်။

မနက် ၇ နာရီလောက်က အုန်းကိုင်းရွာသစ်မှာ ကျောက်ကမ်းပါးယံ နေအိမ်ပေါ် ပြိုကျတာပါ။

“ကျောက်တောင်ပိမိပြီးပျက်စီးသွားတဲ့အိမ်က အမျိုးသားတစ်ဦးတော့ အခုထိရှာဖွေနေတုန်းပါပဲ။ အမျိုးသမီးတစ်ဦးကတော့ အသက်ရှင်သွားတယ်”လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒဏ်ရာရရှိသူနဲ့ ပျောက်ဆုံးသူတို့ဟာ မောင်နှတွေဖြစ်ကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ဟာ အသက် ၅၈နှစ်နဲ့ ၄၈နှစ်အရွယ်တွေဖြစ်ကြပါတယ်။

“မိုးကုတ်မှာ မိုးမများဘူးရယ်။ နေပူနေတာ။ မိုးမရွာဘဲနဲ့တောင်ပြိုပြီးပိတာ”လို့ မိုးကုတ်ေဒေသခံတစ်ဦးကပြောပါတယ်။

မိုးကုတ်မြို့မှာ မိုးရာသီမိုးများတဲ့လတွေမှာဆိုရင် မကြာခဏဆို လူနေအိမ်တွေပေါ် မြေပြိုတာ၊ တောင်ပြိုတာတွေဖြစ်ပွားပြီး လူသေဆုံးတာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။