Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းကြသူအားလုံးနှင့် ဆက်၍ပူးပေါင်းတိုက်ပွဲဝင်မည်ဟု KNPPထုတ်ပြန်

စစ်ကောင်စီက ချင်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း KNPPက နိုဝင်ဘာ ၃ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ အထက် ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။

(KNPP တပ်သားများ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပနေသည်ကို တွေ့ရစဥ်)

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းပေါ် ပြန်လည်လျှောက် လှမ်းနိုင်ရေးတို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြသူများ အားလုံးနှင့် ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကောင်စီက ချင်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း KNPPက နိုဝင်ဘာ ၃ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ အထက် ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ချင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေခြင်း၊ လူမျိူးတုံးသတ်ဖြတ်မှုများ ရက်စက်စွာ ပြုလုပ်နေခြင်းနှင့် နိုင်ငံအနှံ့တွင် စစ်အင်အားတိုးချဲ့၍ စစ်ဆင်ရေးများ ပြုလုပ်နေခြင်းအပေါ် အထူးစိုးရိမ်ကြောင်း KNPPက ထုတ်ပြန် သည်။

ချင်းပြည်နယ်အတွင်း ဖြစ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ လူနေအိမ်နှင့် ခရစ်ယာန်ဘုရားကျောင်းများအား ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်နေမှုများသည် ကရင်နီပြည်နယ်အတွင်း၌လည်း အလားတူ လုပ်ရပ်မျိုးကို စစ်ကောင်စီက လုပ်ဆောင်ကာ တိုင်းရင်းသားများ၏ နိုင်ငံရေးတောင်းဆိုမှုများအား ဖျက်ဆီးရန် တမင်ရည် ရွယ်လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းသို့လုပ်ဆောင်နေသော်လည်း တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်နှင့် အကောင် အထည်ဖော်ဆောင်မှုများအတွက် ဆက်လက် တိုက်ပွဲဝင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း KNPPက ထုတ်ပြန်ခဲ့သည်။

KNPPသည် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မေလမှစ၍ KNPP၏ လက် အောက်ခံတပ်ဖြစ်သော ကရင်နီတပ်မတော် (KA)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ ဒေသကာကွယ်ရေးအဖွဲ့များကို ဦးဆောင်ကာ ကရင်နီဒေသ တွင် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။