Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီသတင်းပေးအလောင်းလာယူသည့်ဇီးကုန်းစခန်းမှူးကားမိုင်းဆွဲတိုက်ခိုက်ခံရ

“အသတ်ခံရတဲ့ ဒလန်က ကန့်ဘလူမှာတော့နာမည်ကြီးတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သတ်ဖြတ်ခံရသူ စစ်ကောင်စီသတင်းပေး၏ အလောင်းအားလာယူသည့် ဇီးကုန်းစခန်းမှူး၏ကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နို၀င်ဘာလ (၅)ရက်နေ့) နံနက် ၉နာရီ ၅၀မိနစ် အချိန်ခန့်က ကန့်ဘလူမြို့နယ် သရက္ကံကြီးကျေးရွာအုပ်စု ကြာဖက်ကန်ကျေးရွာနေ အာဏာသိမ်းစစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသော မျိုးကျော် အား KBU-UG နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့မှသွားရောက် ရှင်းလင်းခဲ့ကြောင်း ၎င်းတို့ကသတင်းထုတ်ပြန်သည်။

“အသတ်ခံရတဲ့ ဒလန်က ကန့်ဘလူမှာတော့နာမည်ကြီးတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ညနေ ၃နာရီ ၄၅ မိနစ်အချိန်တွင် ကြာဖက်ကန်ကျေးရွာရှိ စစ်ကောင်စီသတင်းပေး၏ ရုပ်အလောင်းအား လာယူသည့် အတင်းအဓမ္မချောဆွဲခံရသော လူမှုကူညီရေးအသင်းကားနှင့် ဇီးကုန်းစခန်းမှူး၏ ကားအား ကန့်ဘလူမြို့မှအပြန်ထန်းကုန်း-ဇီးကုန်းမြောင်းဘောင်ပေါ် မင်းကုန်း(က) ကျေးရွာနှင့် သရက်ကောင်းကျေးရွာလမ်းခွဲကြား KBU-UGနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KBU-UG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း ၎င်းတို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။