Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသတင်းပေးအလောင်းလာယူသည့်ဇီးကုန်းစခန်းမှူးကားမိုင်းဆွဲတိုက်ခိုက်ခံရ

“အသတ်ခံရတဲ့ ဒလန်က ကန့်ဘလူမှာတော့နာမည်ကြီးတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သတ်ဖြတ်ခံရသူ စစ်ကောင်စီသတင်းပေး၏ အလောင်းအားလာယူသည့် ဇီးကုန်းစခန်းမှူး၏ကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နို၀င်ဘာလ (၅)ရက်နေ့) နံနက် ၉နာရီ ၅၀မိနစ် အချိန်ခန့်က ကန့်ဘလူမြို့နယ် သရက္ကံကြီးကျေးရွာအုပ်စု ကြာဖက်ကန်ကျေးရွာနေ အာဏာသိမ်းစစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသော မျိုးကျော် အား KBU-UG နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့မှသွားရောက် ရှင်းလင်းခဲ့ကြောင်း ၎င်းတို့ကသတင်းထုတ်ပြန်သည်။

“အသတ်ခံရတဲ့ ဒလန်က ကန့်ဘလူမှာတော့နာမည်ကြီးတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ညနေ ၃နာရီ ၄၅ မိနစ်အချိန်တွင် ကြာဖက်ကန်ကျေးရွာရှိ စစ်ကောင်စီသတင်းပေး၏ ရုပ်အလောင်းအား လာယူသည့် အတင်းအဓမ္မချောဆွဲခံရသော လူမှုကူညီရေးအသင်းကားနှင့် ဇီးကုန်းစခန်းမှူး၏ ကားအား ကန့်ဘလူမြို့မှအပြန်ထန်းကုန်း-ဇီးကုန်းမြောင်းဘောင်ပေါ် မင်းကုန်း(က) ကျေးရွာနှင့် သရက်ကောင်းကျေးရွာလမ်းခွဲကြား KBU-UGနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KBU-UG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း ၎င်းတို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook