Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံတွင် စစ်ကောင်စီတပ်ထိုးစစ်ကို ဒေသကာကွယ် ရေးတပ်များ ဆက်လက်ခုခံတိုက်ခိုက်

နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်း၍ ဖယ်ခုံအခြေစိုက် ခမရ(၄၂၁) တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များပူးပေါင်း၍ ခုခံတိုက် ခိုက်နေရာ ယနေ့တွင်လည်း ခေါင်းအိကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခေါင်းအိရွာ အရှေ့တောင်ဘက်တစ်မိုင်ခန့်အကွာတောင် ကြောပေါ်တွင် ယနေ့ ညနေပိုင်းထိတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများအကြား ပူးပေါင်းအဖွ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဖယ်ခုံ PDFက ထုတ်ပြန် သည်။

နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်း၍ ဖယ်ခုံအခြေစိုက် ခမရ(၄၂၁) တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ဖယ်ခုံမြို့တွင်းသို့ လက်နက် ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရကာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထိုးစစ်နှင့် တိုက်ခိုက်မှုကြောင့် မြို့ပေါ်နေ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကို ဖယ်ခုံ၊မိုးဗြဲ၊ဒီမောဆို၊လွိုင်ကော် PDFများနှင့် ကရင်နီတပ်မတော်(KA)၊KNDF၊ KGz၊ အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်း၍ ခုခံတွန်းလှန်လျက်ရှိသည်ဟု ဖယ်ခုံ PDFက ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။