Connect with us

Hi, what are you looking for?

News

ဖယ်ခုံတွင် စစ်ကောင်စီတပ်ထိုးစစ်ကို ဒေသကာကွယ် ရေးတပ်များ ဆက်လက်ခုခံတိုက်ခိုက်

နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်း၍ ဖယ်ခုံအခြေစိုက် ခမရ(၄၂၁) တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များပူးပေါင်း၍ ခုခံတိုက် ခိုက်နေရာ ယနေ့တွင်လည်း ခေါင်းအိကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခေါင်းအိရွာ အရှေ့တောင်ဘက်တစ်မိုင်ခန့်အကွာတောင် ကြောပေါ်တွင် ယနေ့ ညနေပိုင်းထိတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများအကြား ပူးပေါင်းအဖွ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဖယ်ခုံ PDFက ထုတ်ပြန် သည်။

နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်း၍ ဖယ်ခုံအခြေစိုက် ခမရ(၄၂၁) တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ဖယ်ခုံမြို့တွင်းသို့ လက်နက် ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရကာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထိုးစစ်နှင့် တိုက်ခိုက်မှုကြောင့် မြို့ပေါ်နေ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိုးစစ်ကို ဖယ်ခုံ၊မိုးဗြဲ၊ဒီမောဆို၊လွိုင်ကော် PDFများနှင့် ကရင်နီတပ်မတော်(KA)၊KNDF၊ KGz၊ အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်း၍ ခုခံတွန်းလှန်လျက်ရှိသည်ဟု ဖယ်ခုံ PDFက ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။