Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် တပ်စွဲထားသောမုံရွာမြို့ဆည်မြောင်းရုံးထပ်မံတိုက်ခိုက်ခံရ၊ စစ်သား ၄ဦးသေဟုဒေသတွင်းသတင်းဌာနတစ်ခုဖော်ပြ

အဆိုပါတိုက်ခိုက်မှုကို PDF-South Monywa၊Monywa Night King၊ Monywa Heroes Group၊ Monywa UG Group တို့ကပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများတပ်စွဲထားသော မုံရွာမြို့ ရှိ ဆည်မြောင်းရုံး ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၁၀ နာရီဝန်းကျင်က မုံရွာမြို့ရှိ ဆည်မြောင်းရုံးအတွင်း ပြင်းထန်သော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်အပြန်အလှန်သေနတ်ပစ်ခတ်သံများကြားရကြောင်းဒေသခံများကပြောသည်။”ဗုံးကွဲတာအသံတော်တော်ကျယ်တယ်။အဲတာပြီးတော့သေနတ်သံတွေကြားရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဒေသတွင်းသတင်းဌာနတစ်ခု Regional News Agency -RNA ကအဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ဦး ဦးခေါင်းသေနတ်မှန်သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။ကျည်ဆန် ၁၇ တောင်ကိုသာအသုံးပြု၍ စစ်ျကာင်စီတပ်သား ၄ ဦး၏ ဦးခေါင်းကိုပစ်သတ်ခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုးကား၍ဆက်လက်ဖော်ပြထားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှမစိုးရိမ်ရသောဒဏ်ရာအနည်းငယ်ရရှိကြောင်းဆက်လက်ဖော်ပြထားသည်။စစ်ကောင်စီတပ်သားများမှာတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်းသိ့ရသည်။

အဆိုပါတိုက်ခိုက်မှုကို PDF-South Monywa၊Monywa Night King၊ Monywa Heroes Group၊ Monywa UG Group တို့ကပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသခံအချို့ကအဆိုပါပစ်ခတ်မှုတွင် အမျိုးသမီးတစ်ဦးသေနတ်ကျည်မှန်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ပြောသည်။သို့သော်ပစ်ခတ်မှုတွင်သေဆုံး၊ထိ့ခိုက်မှု အခြေအနေများကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။

ပေါက်ကွဲမှုမဖြစ်ပွားမီ နံနက်ပိုင်းကတည်းက မုံရွာမြို့တွင်းနေရာတော်တော်များတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဗိုလ်ချုပ်လမ်းမပေါ်တွင်လည်း အိမ်စီးကားနှင့် အရပ်ဝတ်များအသွင်ယူ၍ သွားလာနေကြသည်ဟု ဒေသခံတို့က ပြောသည်။ အဆိုပါတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်များက

အောက်တိုဘာလ၂၆ရက်နေ့ကလည်း မုံရွာမြို့ ဆည်မြောင်းရုံးကို အထက်ပါအဖွဲ့လေးဖွဲ့ကပင် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ်ပြတ်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။