အာဏာသိမ်းစစ်ကောင်စီတပ်သားများတပ်စွဲထားသော မုံရွာမြို့ ရှိ ဆည်မြောင်းရုံး ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၁၀ နာရီဝန်းကျင်က မုံရွာမြို့ရှိ ဆည်မြောင်းရုံးအတွင်း ပြင်းထန်သော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်အပြန်အလှန်သေနတ်ပစ်ခတ်သံများကြားရကြောင်းဒေသခံများကပြောသည်။”ဗုံးကွဲတာအသံတော်တော်ကျယ်တယ်။အဲတာပြီးတော့သေနတ်သံတွေကြားရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
ဒေသတွင်းသတင်းဌာနတစ်ခု Regional News Agency -RNA ကအဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ဦး ဦးခေါင်းသေနတ်မှန်သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။ကျည်ဆန် ၁၇ တောင်ကိုသာအသုံးပြု၍ စစ်ျကာင်စီတပ်သား ၄ ဦး၏ ဦးခေါင်းကိုပစ်သတ်ခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုးကား၍ဆက်လက်ဖော်ပြထားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှမစိုးရိမ်ရသောဒဏ်ရာအနည်းငယ်ရရှိကြောင်းဆက်လက်ဖော်ပြထားသည်။စစ်ကောင်စီတပ်သားများမှာတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်းသိ့ရသည်။
အဆိုပါတိုက်ခိုက်မှုကို PDF-South Monywa၊Monywa Night King၊ Monywa Heroes Group၊ Monywa UG Group တို့ကပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
ဒေသခံအချို့ကအဆိုပါပစ်ခတ်မှုတွင် အမျိုးသမီးတစ်ဦးသေနတ်ကျည်မှန်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ပြောသည်။သို့သော်ပစ်ခတ်မှုတွင်သေဆုံး၊ထိ့ခိုက်မှု အခြေအနေများကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။
ပေါက်ကွဲမှုမဖြစ်ပွားမီ နံနက်ပိုင်းကတည်းက မုံရွာမြို့တွင်းနေရာတော်တော်များတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဗိုလ်ချုပ်လမ်းမပေါ်တွင်လည်း အိမ်စီးကားနှင့် အရပ်ဝတ်များအသွင်ယူ၍ သွားလာနေကြသည်ဟု ဒေသခံတို့က ပြောသည်။ အဆိုပါတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်များက
အောက်တိုဘာလ၂၆ရက်နေ့ကလည်း မုံရွာမြို့ ဆည်မြောင်းရုံးကို အထက်ပါအဖွဲ့လေးဖွဲ့ကပင် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ်ပြတ်ဒဏ်ရာရရှိခဲ့သည်။


















































