ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၉)ကျောင်းရှေ့ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
၎င်းသည် သင်္ဃန်းကျွန်းမြို့နယ် (ဆ/က)ရပ်ကွက် သမာဓိ(၁)လမ်းတွင်နေထိုင်သည့် အောင်အောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်းလည်း အဆိုပါရပ်ကွက်နေပြည်သူများက ပြောသည်။
ကားမောင်းပြီးပြန်လာစဥ် ကားပေါ်မှအဆင်းတွင် ပစ်သတ်ခံရခြင်း ဖြစ်သည်။
“သူက အုပ်ချုပ်ရေးမှူးလေ။ ပျောက်နေတာကြာပြီ။ အခုပြန်ပေါ်လာတော့ ပစ်ခံရတာ။ တစ်မိသားစုလုံး ဒလန်အကြီးစားတွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါပစ်ခတ်မှုကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုနှင့်သက်ဆိုင်သည့် CCTV မှတ်တမ်းအချို့ စစ်ကောင်စီဘက်မှရရှိသွားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


















































