Connect with us

Hi, what are you looking for?

News

သံ​တောင်ကြီးမှာ စစ်​ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် သံတောင်- ဘောဂလိလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က သံတောင်ကြီးမြို့နယ် သံတောင် – ဘောဂလမ်းပိုင်းမှာရှိတဲ့ ရွာနှစ်ရွာကြားမှာ လမ်းကင်းပုန်းယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပြီး မိုင်းဆွဲတိုက်ခိုက်သွားခဲ့တာပါ။

ဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းမှာ KNLA တပ်မဟာ ၂ နဲ့ စစ်ကောင်စီတပ်တို့ကြား အောက်တိုဘာလအတွင်းမှာ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦးသေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook