Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ဖျက်ဆီး၍ နှစ်လအတွင်းလူနေအိမ် ၅၀၀ကျော် ပျက်စီးဆုံးရှုံး

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဖက်ဆစ်စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ၉ လကျော် ကာလအတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ကျူးလွန်လုပ်ဆောင်လျက် ရှိနေသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ ဖျက်ဆီးမှုကြောင့် နှစ်လအတွင်း အရပ်သားလူနေအိမ် များအပါအဝင် အဆောက် အဦ ၅၀၀ ကျော် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာ ၉ရက်) ထုတ်ပြန်သည်။

စက်တင်ဘာ၇ ရက်မှ အောက်တိုဘာ၃၁ ရက်အထိအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ ဖျက်ဆီးမှုကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုရှိ ကျေးရွာပေါင်း ၅၆ ရွာ နှင့် မြို့တစ်မြို့တွင် အရပ်သားလူနေအိမ်၊ ရုံး နှင့် ဘာသာရေးအဆောက်အဦး ၅၂၀ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဖက်ဆစ်စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ၉ လကျော် ကာလအတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ကျူးလွန်လုပ်ဆောင်လျက် ရှိနေသည်ဟုဆိုသည်။

ထို့အပြင် အရပ်သားပြည်သူများကို အကြမ်းဖက်ဆစ်စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ စစ်ကြောရေးများတွင် လူမဆန်စွာ စစ်ဆေးခြင်း နှင့် အသေရိုက်နှက် သတ်ဖြတ်နေခြင်း၊ အကျဉ်းထောင် များ အတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊စစ်ဆင်ရေး များတွင် လူသားဒိုင်းများအသုံးပြုနေခြင်း၊ အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များ နှင့် ဘာသာရေးအဆောက်အဦများကို မီးလောင်တိုက်သွင်း ဖျက်ဆီးခြင်း၊ အဖိုးတန်လက်ဝတ်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ခိုးယူခြင်း နှင့် ဖျက်ဆီးခြင်းပြုလုပ်လျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အပေါင်းအပါများ အနေဖြင့် လူသားမျိုးနွယ်အပေါ် ရည်ရွက်ချက်ရှိရှိ ကျူးလွန်နေသည့် ဖက်ဆစ်လုပ်ရပ်များကို ချက်ချင်းရပ်တန်းက ရပ်ရန် သတိပေးလိုက်ကြောင်း၊ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သတ်၍ ကျူးလွန်သည့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်နိုင် ရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်၏ မတရားကျူးလွန်မှုများကို မှန်ကန်သည့် အချက်အလက်များပေးပို့ တိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ကြောင်း အသိပေးထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ဘေး ရှောင်များအတွက် ကူညီပေးကြပါရန်လည်း ဝန်ကြီးဌာနက တိုက် တွန်းနိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook