Connect with us

Hi, what are you looking for?

News

အမြန်လမ်းဇဟား​ချောင်းအမြန်လမ်းရဲကင်း တိုက်ခိုက်ခံရစစ်​ကောင်စီရဲ ၅ဦး​သေ

” ရဲတွေ အများကြီး စစ်သားတွေ အများကြီး ရောက်လာပြီး စစ်နေကြတယ်။ အခု အနီးအနား ရွာတွေကတော့ စိုးရိမ်နေကြတယ်။ လက်နက်တွေ ပါသွားတော့ သူတို့ရွာက ရွာသားတွေကို လာမွှေပြီး ဖမ်းမှာ ကြောက်နေတယ် ” ဟု ဖြူးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၊မိုင်တိုင် ၁၁၀ အနီးရှိ အာဏာသိမ်းစစ်ကောင်စီ၏ စေတီတစ်ထောင်အမြန်လမ်းရဲကင်း(ဇဟား​ချောင်းရဲကင်း)အား ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phyu PDF) ကယ​နေ့(နိုဝင်ဘာလ ၉ ရက်နေ့) နံနက် ၃ နာရီခွဲတွင်တိုက်ခိုက်ရာ အာဏာသိမ်းစစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးပြီး ၎င်းတို့၏လက်နက်များရယူနိုင်ခဲ့​ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Bago Region PDF)တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်သည်။

အမြန်လမ်းရဲကင်းစခန်းတိုက်ခိုက်ခံရမှုကို အာဏာသိမ်းစစ်​ကောင်စီကလည်းအတည်ပြုထားသည်။ ရဲ လေးဦးမှာ​နေရာမှာတင်သေဆုံးပြီး၊ကျန်တစ်ဦးမှာဒဏ်ရာရရှိကာ ထို​ဒဏ်ရာဖြင့်ပင်​သေဆုံးသွားကြာင်သိ့ရသည်။ သေနတ် ၂ လက်ရရှိခဲ့ပြီး ကာကွယ်ရေးတပ်သားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟုလည်း​ကာကွယ်​​ရေးအဖွဲ့များထံမှသိ့ရသည်။

” ရဲတွေ အများကြီး စစ်သားတွေ အများကြီး ရောက်လာပြီး စစ်နေကြတယ်။ အခု အနီးအနား ရွာတွေကတော့ စိုးရိမ်နေကြတယ်။ လက်နက်တွေ ပါသွားတော့ သူတို့ရွာက ရွာသားတွေကို လာမွှေပြီး ဖမ်းမှာ ကြောက်နေတယ် ” ဟု ဖြူးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့‌​သောရဲကင်း ဝန်းကျင် ကျေးရွာများတွင် လက်နက်ကိုင်များ ခိုအောင်းနေနိုင်​ကြောင်း ရဲတပ်ဖွဲ့က သတင်းဌာနအချို့ထံပြောကြားထားသည်။

Public Service Announcement

Public Service Announcement

” စစ်ခွေးက ယုတ်မာဖို့ပဲ တတ်တာ။ ပစ်တဲ့သူက ရွာထဲကနေလာပစ်ရလောက်အောင် ဦးနှောက်မမဲ့ဘူး။ အခုတော့ အမြန်လမ်းဘေးက ရွာတွေ စစ်ခွေးရန် ကြောက်နေကြရပြန်ပြီ။ သောက်ဦးနှောက်မရှိစစ်ကြဆေးကြအုံးမယ်ထင်တယ်”ဟု ဖြူးမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

ပဲခူးတိုင်း​ဒေသကြီးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က
“ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ပစ်မှတ်များအား ယခုထက်ပိုမိုအရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်” ဟု​အသိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

Facebook