Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှား-မလေးရှား ခေါင်းဆောင်တွေတိုက်တွန်း

အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံစဉ်မှာ မလေးရှားကိုခိုးဝင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေက ဒီနေ့(နိုဝင်ဘာ ၁၀ ရက်)တိုက်တွန်းပြောကြားပါတယ်။

မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob ဟာ အင်ဒိုနီးရှားကို တရားဝင်အလည်အပတ်ခရီးစဉ်ရောက်ရှိနေပြီး အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့တွေ့ဆုံစဉ်မှာ မြန်မာ့အရေးပေါ်အခြေအနေကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံစဉ်မှာ မလေးရှားကိုခိုးဝင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံစလုံးက ပြင်းထန်စွာရှုတ်ချပြစ်တင်ထားပြီး မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူဝါဒကို ပြန်လည်စဉ်းစားဖို့နဲ့ ဥပေက္ခာမပြုရေး မူဝါဒကို ပြောင်းလဲကျင့်သုံးဖို့ ထုတ်ဖော်ပြောကြားထားတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။