Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှား-မလေးရှား ခေါင်းဆောင်တွေတိုက်တွန်း

အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံစဉ်မှာ မလေးရှားကိုခိုးဝင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေက ဒီနေ့(နိုဝင်ဘာ ၁၀ ရက်)တိုက်တွန်းပြောကြားပါတယ်။

မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob ဟာ အင်ဒိုနီးရှားကို တရားဝင်အလည်အပတ်ခရီးစဉ်ရောက်ရှိနေပြီး အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့တွေ့ဆုံစဉ်မှာ မြန်မာ့အရေးပေါ်အခြေအနေကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံစဉ်မှာ မလေးရှားကိုခိုးဝင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံစလုံးက ပြင်းထန်စွာရှုတ်ချပြစ်တင်ထားပြီး မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူဝါဒကို ပြန်လည်စဉ်းစားဖို့နဲ့ ဥပေက္ခာမပြုရေး မူဝါဒကို ပြောင်းလဲကျင့်သုံးဖို့ ထုတ်ဖော်ပြောကြားထားတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဖမ်းဆီး အကျဉ်းချ ခံထားရပြီး အငြင်းပွားစရာ အခြေအနေတွေ ရှိနေတဲ့ အင်ဒိုနီးရှား ဖက်ရှင်ဒီဇိုင်နာတစ်ဦး လွတ်မြောက်ရေးအတွက် စစ်ရေးအရ စွက်ဖက်တာတွေ လုပ်မှာ မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲစား ထွက်ရာက အမောဖောက်လာလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဆေးရုံရောက်သွားခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကိုရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းနေတုန်း မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။