Connect with us

Hi, what are you looking for?

LuduNwayOo

News

နမ့်ခမ်းမြို့တွင် မီတာမ​ဆောင်ရန်နှင့် မီးလာဖြတ်လျှင်အ​ကြောင်းကြားရန် PSDF ထုတ်ပြန်

“ကျမတို့ မီတာမဆောင်ဘူး။ ဒါဟာ တော်လှန်ရေးပဲ။ မီတာမဆောင်လို့ နောက်ဆက်တွဲဖိအားတွေကိုလည်း ပြည်သူဘက်က လက်နက်ကိုင်တွေက ကာကွယ်ပေး။ ကျမတို့ ဆက်တောင့်ခံထားမယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(နမ့်ခမ်းမြို့သည်စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများကိုတက်ကြွစွာပြုလုပ်ခဲ့​သောမြို့ဖြစ်သည်။ ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်တွင်း ပြည်သူများ မီတာမဆောင်ကြရန်နှင့်EPCက မီးလာဖြတ်ပါက အကြောင်းကြားရန် နမ့်ခမ်းပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့(PSDF)က ထုတ်ပြန်သည်။

နမ့်ခမ်းမြို့နယ်မှ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်သို့ မီတာစာရွက်များ၊ ရောက်ရှိလာပါက စစ်ကောင်စီ၏ ညွန်ကြားချက်အတိုင်းမီတာခသွားရောက်ဆောင်ခြင်းများ မပြုလုပ်ကြရန် ယမန်နေ့( နိုဝင်ဘာလ ၁၁ရက်)ကထုတ်ပြန်ထားသည်။ ထို့အပြင် မြို့နယ်လျှပ်စစ်ဌာနနှင့် လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္မဏီJunction River Trading Co.Ltdအနေဖြင့်လျှပ်စစ်အား ဖြန့်ဖြူးရာတွင် ပြည်သူ့အကျိုးပြုလုပ်ငန်း များမှလွှဲပြီး စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပြည်သူတွေအပေါ် ခြိမ်းခြောက်ခြင်း၊ လျှပ်စစ်မီးဖြတ် တောက်ခြင်းများ ပြုလုပ်မှုများရှိပါက အကြောင်းကြားရန် တိုက်တွန်းထားသည်။

နမ့်ခမ်းမြို့နယ်ဒေသအတွင်း မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် Junction River Trading Co.L.td. မှ ဝန်ထမ်းများသည် စစ်ကောင်စီ၏ စေခိုင်းညွှန်ကြားချက်ဖြင့် နမ့်ခမ်းမြို့တွင်း လျှပ်စစ်မီတာစာရွက်များ လိုက်လံဝေငှနေခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ Covid-19 ကပ်ဘေးကာလအတွင်း မိဘပြည်သူတွေကို မီတာခကင်းလွတ်ခွင့်ပါ ထုတ်ပြန်ချက်နဲ့ ကိုက်ညီမှုများ မရှိဟုလည်း PSDFက အသိပေးထားသည်။

“ကျမတို့ မီတာမဆောင်ဘူး။ ဒါဟာ တော်လှန်ရေးပဲ။ မီတာမဆောင်လို့ နောက်ဆက်တွဲဖိအားတွေကိုလည်း ပြည်သူဘက်က လက်နက်ကိုင်တွေက ကာကွယ်ပေး။ ကျမတို့ ဆက်တောင့်ခံထားမယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

မေးမြန်းခန်း

ညီ​နောင်မဟာမိတ် ၃ ဖွဲ့ရဲ့ က​နောင်စစ်ဆင်​ရေး နဲ့အတူ "​တောင်သမန်စစ်ဆင်​ရေး "ကိုဆင်နွဲ​နေတဲ့ MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကို People's Spring သံဘိုရွာတိုက်ပွဲနဲ့ပတ်သပ်ပြီး​ မေးမြန်းခန်းကို​တင်ဆက်​ပေးလိုက်ပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်ရေး ၄၂ရက်မြောက်ဖြစ်သော ဒီဇင်ဘာ ၇ရက် စစ်ရေးအခြေအနေများ ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် မန်မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။