ဂန်ဂေါမြို့ မှ ကျောမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း ၃၀ကျော်ကို ပုံညာတောင်အတက်တွင်ဖောက်ခွဲရေးမိုင်း၊ လက်လုပ်လောင်ချာများဖြင့် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီကား ငါးစီးကို ထိမှန်ပြီး စစ်ကောင်စီတပ်သား ၁၅ ထက် မနည်းသေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ယောပြည်သူ့ကာကွယ်ရေးတပ် YDF က ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကာ ဗိုလ်အဆင့်တစ်ဦး သေဆုံးသူကို စစ်ကောင်စီမှ ရဟတ်ယာဉ်နှင့် သယ်ဆောင်သွားပြီး ရေမျက်နီ စခန်းမှူးလည်း ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း (YDF) မှ အတည်ပြုသည်။
နိုဝင်ဘာ ၁၀ ရက်ကလည်း ဂန့်ဂေါမှ ကျောမြို့ဘက်သို့ တက်လာသည့် စစ်ကောက်စီရှေ့ပြေးတက်ကို YDF က ကြားဖြတ် ရှင်းလင်းခဲ့ပြီး ၁၂ဦးထက် မနည်းသေဆုံးဒဏ်ရာရရှိသည်ဟု သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လတ်တလောထိုးစစ်ဆင်နေသော ချင်းပြည်နယ်၏ စစ်ရေးလမ်းကြောင်းတွင် ယော အပါအဝင် ဂန့်ဂေါဒေသမှာ ဗျူဟာ ကျသည့် လမ်းခုလပ်တစ်နေရာဖြစ်နေပြီး စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်မှုများကို ဒေသခံကာကွယ်ရေးတပ်များက မကြာခဏ ပြုလုပ်နေသည်။

Public Service Announcement
ထို့အပြင် ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်မှုစွမ်းရည်မြှင့်တင်ရန်အတွက် လက်နက် ခဲယမ်းများဖြည့်တင်းခြင်းနှင့် လက်နက်ကြီးနှင့် အချိန်ကိုက်မိုင်းခွဲမှုကို စမ်းသပ်မှုကို နိုဝင်ဘာလဆန်းကတည်းက စတင်ခဲ့ကြသည်။


















































