Connect with us

Hi, what are you looking for?

News

ဆမီးသို့ အင်အားဖြည့်လာသည့် စစ်ကြောင်းကို တိုက်ခိုက်စစ်ကောင်စီတပ်မှ ၁၁ဦးသေဟု ပလက်ဝCDF ပြော

အခြေအနေက ယာဉ် ၂စီးနဲ့ အင်အာ ၆၀ ပလက်၀ မြို့နယ် ရဲ့ မြို့နယ်ခွဲ ဆမီးမြို့ကို အင်အားဖြည့်ဖို့လာတာ။ အဲဒါ ကျွန်တော်တို့ ပလက်၀နယ်ဘက်ကို ရောက်တဲ့အတွက် ကျွန်တော်တို့ ကြားကနေ ခြုံခိုပြီးတိုက်တာ” ဟု ၄င်က ​ပြောသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့နယ်ခွဲသို့ စစ်အင်အားဖြည့်တင်းလာသည့်အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း လက်၀မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“တိုက်ပွဲအခြေအနေက ယာဉ် ၂စီးနဲ့ အင်အာ ၆၀ ပလက်၀ မြို့နယ် ရဲ့ မြို့နယ်ခွဲ ဆမီးမြို့ကို အင်အားဖြည့်ဖို့လာတာ။ အဲဒါ ကျွန်တော်တို့ ပလက်၀နယ်ဘက်ကို ရောက်တဲ့အတွက် ကျွန်တော်တို့ ကြားကနေ ခြုံခိုပြီးတိုက်တာ” ဟု ၄င်က ​ပြောသည်။

မတူပီမြို့မှ ဆမီးမြို့သို့ အင်အားဖြည့်ရန် ချီတက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်အား နိုဝင်ဘာ ၉ရက်တွင်
ပလက်၀ CDF က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပလက်၀ CDFက စစ်ကောင်စီတပ်ကို ပထမဆုံးခုခံတိုက်ခိုက်ခြင်းလည်းဖြစ်သည်။

နိုဝင်ဘာ ၉ရက်တိုက်ပွဲတွင် CDF က လက်ဦးမှုယူပြီး ပဒေသာမိုင်များဖောက်ခွဲပြီး လက်နက်ငယ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်ဟု ပလက်၀ CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၀ရက်တွင်လည်း စစ်ကောင်စီတပ်များ ပေါက်စဉ်ကျေးရွာမှ ဆမီးမြို့သို့ ဆက်လက်ချီတက်လာ၍ မိုင်းများဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။ နိုဝင်ဘာ ၁၁ရက် တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဆက်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒဏ်ရာမျာရသူများရှိကြောင်း လည်းဆက်လက်ဖော်ပြထားသည်။စစ်ကောင်စီတပ်မှ လက်နက်ကြီးမျးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း CDF တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်မှုမရှိ ဟုဆိုသည်။

စစ်ကောင်စီယာဉ်တန်းသည် ၃နာရီသာ သွားရသည့် လမ်းမကြီးကို ၅ရက်တာ ခရီးနှင်ခဲ့ရပြီး အထိအခိုက်အကျအဆုံး အများအပြား ကြုံတွေ့ခဲ့ရသည်ဟု ပလက်၀ CDFက ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၃၀ရက်နှင့် ယခုနိုဝင်ဘာ လဆန်းပိုင်းကလည်း မတူပီ-ပလက်၀ လမ်းတွင် စစ်ကောင်စီတပ်များကို
မတူပီ CDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

မတူပီ – မင်းတပ်လမ်းတွင်လည်း စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDFက ခုခံတိုက်ခိုက်ခဲ့သဖြင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင် ၆၀​ကျော်​သေဆုံးခဲ့သည်။

(ပလက်ဝCDFတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDFပလက်ဝ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။