မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ပခန်းငယ်ရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

ယနေ့ (နိုဝင်ဘာ၁၃ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်ကရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းအား People Defense Force Yesagyo ၊Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)27 Revolution Forces MGN၊ ThwaythaukRevolution Forces ညီနောင်မဟာမိတ်များ စုပေါင်း၍ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားပြီး ၊စစ်ကောင်စီ၏ရဲများဒဏ်ရာများဖြင့်ထွက်ပြေးသွားသောကြောင့် စခန်းရှိ စာရွက်စာတမ်းများ ၊ ဆိုင်ကယ်( ၂ )စီး နှင့် လက်နက်( ၂ ) လက်အားသိမ်းယူ၍ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယခုစစ်ဆင်ရေးအား ပူးပေါင်းပါဝင်ခဲ့သောUrban Underground Revolution Force ၊YSO၊K.N.T ပြောက်ကျားတပ်ဖွဲ့ ၊Shwe Lal Kyun LPDF အဖွဲ့များအားမိမိတို့ ညီနောင်မဟာ မိတ် ( ၄) ဖွဲ့မှ ကျေးဇူးအထူးတင်ကြောင်း ရေစကြို PDFက အသိပေးသည်။
