Connect with us

Hi, what are you looking for?

News

ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်၊ ရဲများဒဏ်ရာရပြီးထွက်​ပြေး

ယခုစစ်ဆင်ရေးအား ပူးပေါင်းပါဝင်ခဲ့သောUrban Underground Revolution Force ၊YSO၊K.N.T ပြောက်ကျားတပ်ဖွဲ့ ၊Shwe Lal Kyun LPDF အဖွဲ့များအားမိမိတို့ ညီနောင်မဟာ မိတ် ( ၄) ဖွဲ့မှ ကျေးဇူးအထူးတင်ကြောင်း ရေစကြို PDFက အသိပေးသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ပခန်းငယ်ရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

ယနေ့ (နိုဝင်ဘာ၁၃ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်ကရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းအား People Defense Force Yesagyo ၊Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)27 Revolution Forces MGN၊ ThwaythaukRevolution Forces ညီနောင်မဟာမိတ်များ စုပေါင်း၍ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားပြီး ၊စစ်​ကောင်စီ၏ရဲများဒဏ်ရာများဖြင့်ထွက်ပြေးသွားသောကြောင့် စခန်းရှိ စာရွက်စာတမ်းများ ၊ ဆိုင်ကယ်( ၂ )စီး နှင့် လက်နက်( ၂ ) လက်အားသိမ်းယူ၍ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယခုစစ်ဆင်ရေးအား ပူးပေါင်းပါဝင်ခဲ့သောUrban Underground Revolution Force ၊YSO၊K.N.T ပြောက်ကျားတပ်ဖွဲ့ ၊Shwe Lal Kyun LPDF အဖွဲ့များအားမိမိတို့ ညီနောင်မဟာ မိတ် ( ၄) ဖွဲ့မှ ကျေးဇူးအထူးတင်ကြောင်း ရေစကြို PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။