Connect with us

Hi, what are you looking for?

News

မန္တလေးတိုင်းမှာ ဆိုင်ကယ်ကိုအမျိုးသား ၂ ဦးအတူမစီးဖို့ စစ်ကောင်စီကန့်သတ်

မန္တလေးတိုင်းလို ဆိုင်ကယ်ကိုသွားလာရေးအတွက် အဓိကထားပြီးသုံးတဲ့ဒေသမှာ စစ်ကောင်စီရဲ့ ဒီကန့်သတ်ချက်ကို ဝေဖန်မှုတွေရှိနေပါတယ်။

People's Spring
People's Spring

အာဏာသိမ်းပြီး ဖိနှိပ်မှုတွေဆက် တိုက်လုပ်နေတဲ့ စစ်ကောင်စီ ဟာ မန္တလေးတိုင်းအတွင်း ဆိုင်ကယ်စီးရာမှာ ကန့်သတ်မှုတွေ တိုးမြှင့်လာပါတယ်။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကို ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်တာတွေ ဖြစ်လာပြီးတဲ့နောက် ဆိုင်ကယ် ကိုအမျိုးသား ၂ ဦး အတူမစီးဖို့ ကန့်သတ်လိုက်တာပါ။

မန္တလေးတိုင်းလို ဆိုင်ကယ်ကိုသွားလာရေးအတွက် အဓိကထားပြီးသုံးတဲ့ဒေသမှာ စစ်ကောင်စီရဲ့ ဒီကန့်သတ်ချက်ကို ဝေဖန်မှုတွေရှိနေပါတယ်။

ဒါအပြင် လက်လုပ်လက်စားပြည်သူတွေ ၊ဆိုင်ကယ်ကယ်ရီ မောင်းတဲ့ သူတွေအနေနဲ့ အခက်အခဲရှိနေတယ်လို့လည်းဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ပေါ်မှာတော့ ဒီကန့်သတ်ချက်မစသေးပေမယ့် ဆိုင်ကယ် ၊ကားတွေကို စစ်ဆေးပြီး ချက်ချင်း ဒဏ်ငွေ ဆောင်ခိုင်းတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။