Connect with us

Hi, what are you looking for?

News

စာသင်​ကျောင်းတွင် တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို ပူး​ပေါင်းအဖွဲ့ကဝင်တိုက်ရာစစ်​ကောင်စီတပ်သား ၁၀ဦးသေဟုထုတ်ပြန်

နာရီဝက်ခန့်ကြာမြင့်ခဲ့သော ထိုတိုက်ပွဲမှာ နိုဝင်ဘာ ၂၂ ရက် ည ၁၀နာရီ ၄၀ မိနစ်တွင် ပြည်သူ့တပ်ဖွဲ့များက RPG လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် ဝိုင်း၍ တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း 27 Revolution Forces က ယနေ့(နိုဝင်ဘာ ၂၃ ရက်)ထုတ်ပြန်သည်။

နာရီဝက်ခန့်ကြာမြင့်ခဲ့သော ထိုတိုက်ပွဲမှာ နိုဝင်ဘာ ၂၂ ရက် ည ၁၀နာရီ ၄၀ မိနစ်တွင် ပြည်သူ့တပ်ဖွဲ့များက RPG လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် ဝိုင်း၍ တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

” ကျောင်းထဲမှာ ခန့်မှန်းစစ်တပ်က ကောင်တွေအယောက် ၂၀ ကျော်လောက်ရှိတယ်။ရုတ်တရက်ဝင်တိုက်လိုက်တာ။သေတာ ဗိုလ်ကြီးအဆင့် အပါအဝင် ၁၀ ယောက်ရှိတယ်”ဟု 27 Revolution forces မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်စဥ်တွင် ပူး​ပေါင်းပြည်သူ့တပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းလည်း ​ပြောသည်။

Public Service Announcement

Public Service Announcement

“မြင်းခြံက Zero & 27 Revolution နဲ့ နွားထိုးကြီးက pdf 2ဖွဲ့ ပူးပေါင်းပြီး မြင်းခြံနယ် ကွမ်းစိုက် ရွာ မှာ တပ်စွဲနေတဲ့ စခတွေကို ဝင်တိုက်တာပါ။ RPG နဲ့ပစ်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ပစ်တာ။”ဟု Zero ပြောက်ကျားအဖွဲ့တာဝန်ရှိသူကပြောသည်။ Zero ​ပြောက်ကျားအဖွဲ့ မှတာဝန်ရှိသူက​ပြောရာတွင် စစ်​ကောင်စီတပ်မှ ၈ ဦး​သေဆုံးပြီး ၊၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။

27 Revolution forces ဦးဆောင်၍ 27 Revolution forces (မြင်းခြံ)၊Zeroပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊Nathogyi Regional PDF နှင့် Nato gyi people defence forcesတို့က ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

ကွမ်းစိုက်ရွာတွင် ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဦးမြင့်ကျော်ဆိုသူ ဓားထိုးခံရသည့်အတွက် စစ်တပ်က လာရောက်စစ်ဆေးစဥ် ရွာသား ၃၈ ဦးအား ဖမ်းဆီးသွားခဲ့ပြီး အဆိုပါရွာသားများထဲမှ စစ်တပ်၏ အကြမ်းဖက်စစ်ဆေးမှုကြောင့် စစ်ကြောရေးတွင် ရွာသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် မည်သည့်နေရာအနီးတွင်မဆို အချိန်မရွေးနေရာမရွေးတိုက်ခိုက်တော့မည်ဖြစ်သဖြင့် ရှောင်ရှားနိုင်ကြရန်၊လမ်းမများပေါ်သွားလာသည့်အခါတွင်လည်း စစ်တပ်နှင့်တွေ့ပါက အနီးကပ်မနေမိစေရန်သတိပြုရှောင်ရှားကြရန် ၊လမ်းမကြီးများပေါ်တွင် ည ၉း၀၀ နာရီကျော်ပါကမော်တော်ယာဥ်၊မော်တော်ဆိုင်ကယ်များလုံးဝဖြတ်သန်းခြင်းမပြုကြရန် ၊လမ်းဘေးဝဲ/ယာတွင်မိမိနှင့်မသက်ဆိုင်သောမည်သည့်အရာဝထ္တု ပစ္စည်းများမဆို လုံးဝကိုင်တွယ်ခြင်းမပြုကြရန် ၊သေနတ်သံ၊ဗုံးသံ၊မိုင်းခွဲသံများ ကြားခဲ့လျှင်မိမိအိမ်အတွင်းသာနေရန် Zero ပြောက်ကျားတပ်ဖွဲ့က အထူးသတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော