Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆို၌ တိုက်ပွဲ ၄ကြိမ်ထပ်ဖြစ်၊ စစ်ကောင်စီတပ်မှ ၅ဦးသေ ၇ဦးဒဏ်ရာရဟု KNDF ထုတ်ပြန်

ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်း ညနေပိုင်း၌ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန် သေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ တိုက်ပွဲ ၄ကြိမ် ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေ ၇ဦးဒဏ်ရာရရှိကာ ကရင်နီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ယမန်နေ့က တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် ယနေ့ နိုဝင်ဘာ ၂၃ရက် မနက်အစောပိုင်းနှင့် ညနေပိုင်း တို့တွင် တိုက်ပွဲများဆက်ဖြစ်ခဲ့သည်ဟု KNDFက ဆိုသည်။ ထို့ပြင် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်နှင့် ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်းတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ဒေါပိုးစီကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီ တပ်မတော် (KA) နှင့် KNDF တို့ ခုခံတိုက်ခိုက်ခဲ့၍ အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ (၂)ဦး သေဆုံးက (၅) ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပန်ကန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တွင်လည်း စစ်ကောင်ဏီတပ်မှ ၁ဦးသေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ညနေပိုင်းတွင် (၅) မိုင်နှင့် (၆) မိုင်အနီး သင်ချိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၂ဦးဒဏ်ရာရရှိကာ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်း ညနေပိုင်း၌ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန် သေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။