Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို၌ တိုက်ပွဲ ၄ကြိမ်ထပ်ဖြစ်၊ စစ်ကောင်စီတပ်မှ ၅ဦးသေ ၇ဦးဒဏ်ရာရဟု KNDF ထုတ်ပြန်

ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်း ညနေပိုင်း၌ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန် သေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ တိုက်ပွဲ ၄ကြိမ် ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေ ၇ဦးဒဏ်ရာရရှိကာ ကရင်နီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ယမန်နေ့က တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် ယနေ့ နိုဝင်ဘာ ၂၃ရက် မနက်အစောပိုင်းနှင့် ညနေပိုင်း တို့တွင် တိုက်ပွဲများဆက်ဖြစ်ခဲ့သည်ဟု KNDFက ဆိုသည်။ ထို့ပြင် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်နှင့် ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်းတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ဒေါပိုးစီကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီ တပ်မတော် (KA) နှင့် KNDF တို့ ခုခံတိုက်ခိုက်ခဲ့၍ အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ (၂)ဦး သေဆုံးက (၅) ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပန်ကန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တွင်လည်း စစ်ကောင်ဏီတပ်မှ ၁ဦးသေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ညနေပိုင်းတွင် (၅) မိုင်နှင့် (၆) မိုင်အနီး သင်ချိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၂ဦးဒဏ်ရာရရှိကာ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီးတွင်လည်း ညနေပိုင်း၌ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၂)ဦး အာပီဂျီ ထိမှန် သေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။