Connect with us

Hi, what are you looking for?

LuduNwayOo

News

KNDF ရဲဘော် ​လေးဦး၏ ဈာပနအခမ်းအနား ကျင်းပ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နိုဝင်ဘာ ၂၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ KNDF ရဲဘော် ​လေးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ၌ကျဆုံးခဲသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ရဲဘော် ​လေးဦး၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၆ရက်က ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း (၉)က ယနေ့ ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နိုဝင်ဘာ ၂၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ KNDF ရဲဘော် ​လေးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေးတိုက်ပွဲ ၌ အသက်ပေးသွားခဲ့သော ရဲဘော်တို့၏ စျာပန ခရီးအား ဆွေမျိုးသားချင်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊မိဘပြည်သူ များမှ လိုက်ပါပို့ဆောင်ခဲ့ကြောင်း ရေးသားပြီး KNDF B-09 က မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

ကရင်နီဒေသ၌ မေလမှစ၍ ကရင်နီဒေသခံများနှင့်ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ခဲ့ရာ ၆လအတွင်း တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ခဲ့ပြီး ကရင်နီတပ်မတော်(KA)၊ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ တပ်ဖွဲ့ဝင် ၃၀ ကျော် ကျဆုံးခဲ့သည်။ ယင်းအနက် KNDF တပ်ဖွဲ့ဝင် ၁၆ဦး ခန့်ပါဝင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။