Connect with us

Hi, what are you looking for?

News

KNDF ရဲဘော် ​လေးဦး၏ ဈာပနအခမ်းအနား ကျင်းပ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နိုဝင်ဘာ ၂၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ KNDF ရဲဘော် ​လေးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ၌ကျဆုံးခဲသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ရဲဘော် ​လေးဦး၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၆ရက်က ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း (၉)က ယနေ့ ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နိုဝင်ဘာ ၂၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ KNDF ရဲဘော် ​လေးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေးတိုက်ပွဲ ၌ အသက်ပေးသွားခဲ့သော ရဲဘော်တို့၏ စျာပန ခရီးအား ဆွေမျိုးသားချင်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊မိဘပြည်သူ များမှ လိုက်ပါပို့ဆောင်ခဲ့ကြောင်း ရေးသားပြီး KNDF B-09 က မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

ကရင်နီဒေသ၌ မေလမှစ၍ ကရင်နီဒေသခံများနှင့်ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ခဲ့ရာ ၆လအတွင်း တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ခဲ့ပြီး ကရင်နီတပ်မတော်(KA)၊ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ တပ်ဖွဲ့ဝင် ၃၀ ကျော် ကျဆုံးခဲ့သည်။ ယင်းအနက် KNDF တပ်ဖွဲ့ဝင် ၁၆ဦး ခန့်ပါဝင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။