Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင်စစ်​ကောင်စီတပ်က ရဟတ်ယာဥ်​ပေါ်မှပစ်ခတ်၍ ပြည်သူအနည်းဆုံးငါးဦး​သေဆုံး

“ဒီကနေ့မနက်လည်း ရမ်းသမ်းပစ်နေတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။အိမ်ခေါင်မိုးပေါ်တွေထိ ကျည်ဆံ​ကျတာတွေရှိတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်များက ရဟတ်ယာဥ်​ပေါ်မှပစ်ခတ်ခြင်း ၊လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဒီပဲယင်းမြို့နယ်တွင် ပြည်သူသုံး​ထောင်​ကျော်ထွက်​ပြေးတိမ်း​​ရှောင်​နေရသည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းအား စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေပြီး ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်ခဲ့၍ ပြည်သူငါးဦးထက်မနည်း သေဆုံးကြောင်း ​ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့(နိုဝင်ဘာလ ၂၇ရက်နေ့)ညနေပိုင်းကဒီပဲယင်းမြို့နယ်အရှေခြမ်းအားခန့်မှန်းအင်အား သုံးဆယ်မှလေးဆယ်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထိုပမာဏဖြင့် နောက်ထပ်စစ်ကြောင်းတစ်ကြောင်းအား အရှေ့ခြမ်းနယ်ကိုပင် ထပ်မံထိုးခဲ့ကြောင်း၊ ပထမစစ်ကြောင်းအား ဒီပဲယင်းPDFဘက်မှဝိုင်းဝန်းပိတ်ဆို့ခဲ့သဖြင့် ပြန်ခေါက်သွားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။နောက်ထပ်လာသည့် စစ်ကြောင်းကိုလည်းPDFဘက်မှ ထပ်ဝိုင်းထားသည့်အတွက် ထွက်ပေါက်ခက်ခဲသွား​သောအခါ ရဟတ်ယာဥ်(၅)စီး​ဖြင့် စစ်ကူလာချပေးပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူငါးဦးထက်မနည်းသေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက​ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်များက ရဟတ်ယာဥ်​ပေါ်မှပစ်ခတ်ခြင်း ၊လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဒီပဲယင်းမြို့နယ်တွင် ပြည်သူသုံး​ထောင်​ကျော်ထွက်​ပြေးတိမ်း​​ရှောင်​နေရသည်။ ဓါတ်ပုံ-CJ)

တချိန်တည်းမှာပင် ဒီပဲယင်းနယ်အနောက်ဘက်ခြမ်းကိုလည်း စစ်ကြောင်းများခွဲကာထိုးစစ်ဆင်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ညောင်လှကျေးရွာအပါအဝင် ဆယ်ရွာထက်မနည်းစစ်ဘေးရှောင်နေရပြီး ထိခိုက်သေဆုံးသူ၊ကလေးငယ်မျာအပါအဝင်ပျောက်ဆုံးနေသူများလည်းရှိကာ ပြည်သူသုံးထောင်ကျော်စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကနေ့မနက်လည်း ရမ်းသမ်းပစ်နေတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။အိမ်ခေါင်မိုးပေါ်တွေထိ ကျည်ဆံ​ကျတာတွေရှိတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက် စစ်တပ်သည် နိုဝင်ဘာလ ၂၇ရက် ညနေ ၅ နာရီခန့်မှစ၍ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအနီးတွင် ရဟတ်ယာဥ်များသုံး၍ စစ်​သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ မြေပြင်တွင် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ လတ်တလောအခြေအနေတွင် အကြမ်းဖက်စစ်တပ်သည် ပြည်သူများကိုသာ ရမ်းသမ်း ပစ်ခတ်နေခြင်း၊ ပြည်သူနေအိမ်များအား ဖျက်ဆီးခြင်းအစရှိသည့် ကြွက်မနိုင် ကျီမီးရှို့လုပ်ရပ်များကြောင့်ပြည်သူလူထုများ ကျဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာများ ရရှိထားပြီး ပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် စစ်ဘေးရှောင်ပြည်သူများအား ညီရင်းမောင်နှမ ဆွေမျိုးသဖွယ် သဘောထား၍ ကြိုဆိုလက်ခံပေးကြပါရန်၊ စစ်ဘေးရှောင်ပြည်သူများတွင် ဒဏ်ရာရပြည်သူများပါဝင်လာပါက လိုအပ်သော ဆေးဝါးကုသမှုများ ရရှိရန် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ၊ ဆရာဝန်များ၊ ကျန်းမာရေးဆေးပညာတတ်ကျွမ်းသူများနှင့် ချိတ်ဆက် အကူအညီတောင်းရန်၊ ကျေးရွာများရှိ ဖြတ်လတ်သန်စွမ်းသော လူငယ်များက ဦးဆောင်၍ ပျောက်ဆုံး အဆက်အသွယ်ပြတ်လျက်ရှိသော ပြည်သူများအား ဝိုင်းဝန်းရှာဖွေပေးရန်၊ ရာသီဥတု ချမ်းအေးသော ကာလဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော စောင်နှင့် အနွေးထည်များ ရှာဖွေပေးရန်၊စစ်ဘေးရှောင်များအတွက် ရိက္ခာနှင့် သောက်ရေသန့်များ ကူညီပေးကြရန်၊စစ်ဘေးရှောင်များအတွက် ကူညီရာတွင် အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက်လိုအပ်သောအရာများကိုလည်း ထည့်သွင်းစဥ်းစား၍ ကူညီပေးကြရန်၊ စစ်ဘေးရှောင်ပြည်သူများအား စိတ်ဓာတ်ကျဆင်းမှုမရှိအောင် နွေးထွေးစွာ ဖေးမပြီး မေတ္တာတရားများ ပြသကြရန်၊ ကျန်းမာရေးဆေးပညာတတ်ကျွမ်းသူများအနေနှင့်လည်း မိမိတို့ တတ်ကျွမ်းသင့်ပညာဖြင့် စစ်ဘေးရှောင်ပြည်သူလူထုဆီသို့သွားရောက်၍ ကူညီစောင့်ရှောက် ပေးကြရန်၊ မော်တော်ယာဥ်ရှိသည့် ပြည်သူများကလည်း စစ်ဘေးရှောင်ပြည်သူများအား ဘေးကင်းရာသို့ပေးပို့ခြင်းနှင့် လိုအပ်သည့် ပစ္စည်းများပေးပို့ရာတွင် ကူညီပေးကြရန်၊ ထူးခြားသည့်ဖြစ်စဥ်များကို ကျွန်ုပ်တို့ Page messenger သို့ ဆက်သွယ်၍ သတင်းပေးပို့ကြပါရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်