Connect with us

Hi, what are you looking for?

News

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ရွှေမတူးရန် KIO ရွှေကူခရိုင် ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်နင့် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင်လည်း စက်ယန္တရားများအသုံးပြုပြီး ရွှေတူးဖော်ခြင်းများ လုပ်ဆောင်နေ၍ ဒေသခံမားက ကန့်ကွက်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အုပ်ချုပ်နယ်မြေ အတွင်း ဧရာ၀တီ မြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်ခြင်း လုပ်ငန်းများ ယ​နေ့(နိုဝင်ဘာ ၂၉ရက်)မှစ၍ တားမြစ်လိုက်ကြောင်း KIO ရွှေကူခရိုင်က ထုတ်ပြန်သည်။

အများပြည်သူနှင့် သက်ဆိုင်သော ဘာသာ၊သာသနာ၊ မြေများ၊ ဘာသာရေး အဆောက်အဦများ၊ ဒေသခံ ပြည်သူများ ထွန်ယက်စိုက်ပျိုးမြေများနှင့် ကျေးရွာများ၊ ဧရာ၀တီမြစ်သဘာ၀ ဘေးပတ်ဝန်းကျင် နေရာများ ပျက်စီးယိုယွင်းလာခြင်းကြောင့် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ရွှေဖောင်နှင့် ရွှေတူးဖော်ခြင်း လုပ်ငန်းများအား လုံး၀(လုံး၀) တားမြစ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတိပေးချက် တားမြစ်စာထုတ်ပြန်သည့် နိုဝင်ဘာ ၂၉ရက်မှစ၍ လိုက်နာဆောင်ရွက်ခြင်းမရှိ ဆက်လက်ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟုလည်း အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်နင့် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင်လည်း စက်ယန္တရားများအသုံးပြုပြီး ရွှေတူးဖော်ခြင်းများ လုပ်ဆောင်နေ၍ ဒေသခံမားက ကန့်ကွက်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နေရာများသည် KIO အုပ်ချုပ်ရေးနယ်မြေတွင် မပါဝင်ဘဲ စစ်ကောင်စီ အုပ်ချုပ်သည့် နယ်မြေ ဖြစ် ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“KIO အနေနဲ့တော့ အဲဒါမျိုးတွေ သဘာ၀ ပျက်စီးတာတွေကတော့ ကျွန်တော်တို့က ကန့်ကွက်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook