Connect with us

Hi, what are you looking for?

News

ပေါက်နယ်တွင် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ၂၆ဦးထက်မနည်းသေဟု ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

နိုဝင်ဘာ ၂၉ရက်က ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းရွာအနီးနင့် ကျောက်အိုးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြသည်။

People's Spring
People's Spring

ပေါက်မြို့နယ်အတွင်းသို့ စစ်ဆင်ရေးလုပ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၂၉ရက်နှင့် ဒီဇင်ဘာ ၁ရက်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် သည်။

နိုဝင်ဘာ ၂၉ရက်က ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းရွာအနီးနင့် ကျောက်အိုးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၁ရက်တွင် ပေါက်မြို့နယ်တောင်ပိုင်း အိုက်ကျယ်၊ ဝန်းခြုံးကျးရွာအနီးတွင် တစ်ကြိမ်တိုက်ခိုက်ရာ အသေအပျောက်အတိအကျ မသိရကြောင်း၊ ထို့နောက် လက်ပံလှ ဘို့မယ် ရွာအနီး ယောချောင်းတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ထုတ် ပြန်သည်။

“စစ်ကြောင်းတွေဝင်လာတာက ဆောနယ်ပတ်ပြီး ဝင်လာတာ။ ပေါက်ကနေ တိုက်ရိုက်သွားတာ မဟုတ်ဘူး။ စကစ စစ်ကြောင်းက ဆောနယ်ဘက်က ပတ်ပြီး ဝင်လာတဲ့သဘောပေါ့။ ဟိုဘက်ကနေ တစ်ဆက် တစ်စပ်တည်းရှင်းတဲ့သဘောပေါ့” ဟု ပေါက်ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုကို ကြားသိရသော်လည်း အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ထိပ်တိုက်တိုက်ပွဲများ ရှောင်ရှား၍ ပြောက်ကျားနည်း စနစ်အတိုင်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook