Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်များ က​လေးမြို့နယ်ရှိ​ကျေးရွာများကို ဝင်​ရောက်ခနေ၍ ပြည်သူတစ်​သောင်းခန့်ထွက်​ပြေးတိမ်း​ရှောင်​နေရ

နိုဝင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့များသည် တင်သားရွာဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို ဝင်ရောက် မွှေနှောက်ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ရွာမှ ပြည်သူ တစ်သောင်းခန့်သည် ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရ‌ကြောင်း Kalay PDFက ယ​နေ့သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာ ၂၇ ရက်ဝန်းကျင်ကစ၍ ကလေးမြို့နယ်တောင်ပိုင်းနှင့် မြစ်သာမြစ်အရှေ့ဖက်ကျေးရွာများသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရေရှင်ကျေးရွာမှ နေအိမ် ၁၅ လုံးခန့်၊ နိုဝင်ဘာ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးခန့်နှင့် ယနေ့ (ဒီဇင်ဘာလ ၁ ရက်)တွင် လယ်ခြားကျေးရွာမှ နေအိမ် ၈ လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (က​လေး)က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့များသည် တင်သားရွာဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဆိုသည်။

ကလေးဒေသသို့ ဝင်ရောက်လာသည့်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများတွင် တပ်မ ၂၂ တံဆိပ်တပ်ဆင်ထားသည့် တပ်ဖွဲ့များပါဝင်နေသည်ဟု လူထုအား အသိပေးထားသည်။ ယနေ့ ညနေပိုင်းတွင် မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကိုဝင်ရောက် မွှေနှောက်ဖျက်စီးနေပြီး တင်သား၊ကျောက်ဖူး၊ဒိုးနွယ်၊ အရှေ့စည်း၊အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊လယ်ခြား၊ ရှားတောနှင့် နွားကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook