-သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိမယ်
ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့ကို ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့လိုက်တယ်လို့ ကော်မတီဥက္ကဌ ဆွီဒင်သံအမတ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာစစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်ရဲ့တာလီဘန်တို့ကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ကော်မတီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်ဆက် လက်ရရှိမှာဖြစ်ပါတယ်။

Public Service Announcement
ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ကော်မတီမှာပါဝင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကော်မတီရဲ့အခုဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် အထွေထွေညီလာခံကနေ ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်မယ်လို့ ယူဆရတယ်လို့ သုံးသပ်ပါတယ်။
“သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ Credential Committee ဥက္ကဌဖြစ်သူ ဆွီဒင်နိုင်ငံသံအမတ်က တရားဝင်ကြေညာသွားပါပြီ။ ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြသွားမှာဖြစ်ပါတယ်”လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
